Latest News

Friday, December 22, 2017

ယာဉ်မှတ်ပုံတင်သက်တမ်း နှစ်နှစ်သို့ ပြောင်းလဲသတ်မှတ်

ယာဉ်မှတ်ပုံတင်သက်တမ်း နှစ်နှစ်သို့ ပြောင်းလဲသတ်မှတ်

နေပြည်တော်   ဒီဇင်ဘာ   ၂၂

ယာဉ်မှတ်ပုံတင်သက်တမ်း ပြောင်းလဲသတ်မှတ်ခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ''၆ဂ''အက္ခရာနှင့်အထက် ကိုယ်ပိုင် လူစီးယာဉ် များအား ၁.၇.၂ဝ၁၅ ရက်၊ သာသနာရေးဆိုင်ရာ(RLG) ယာဉ်၊ သံရုံး/သံတမန်ပိုင် (CD)ယာဉ်၊ ကုလသမဂ္ဂအဖွဲ့အစည်းပိုင် (UN)ယာဉ်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းပိုင် (IO) ယာဉ် များမှ      ကိုယ်ပိုင်လူစီးယာဉ်ငယ်အုပ်စုဝင်   ယာဉ်များအား ၁၂.၆.၂ဝ၁၇ ရက်များတွင်  မှတ်ပုံတင်သက်တမ်း  တစ်နှစ်မှ နှစ်နှစ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

အကျိုးကျေးဇူးများ ရရှိထိုကဲ့သို့ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ ကျေနပ် နှစ်သက်မှုရှိခြင်း၊ အချိန်ကုန်သက်သာခြင်း၊  လုပ်ငန်းချောမွေ့ မြန်ဆန်လာခြင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများနှင့် ဆက်သွယ်နေသည့် လမ်းများပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုလျော့နည်းခြင်း အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။

သက်တမ်း နှစ်နှစ် ပြောင်းလဲ သတ်မှတ်သို့ဖြစ်ပါ၍    ယာဉ်ပိုင်ရှင်များ  နှစ်စဉ် ယာဉ်စစ်ဆေး မှတ်ပုံတင်ရသည့်လုပ်ငန်း လျော့နည်းသက်သာစေခြင်း၊ အခြား သော မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်သူများအတွက်လည်း အချိန်ကြာမြင့်မှုလျော့ကျပြီး မြန်ဆန်လွယ်ကူစွာ ဆောင်ရွက် နိုင်ခြင်း၊ ရုံးလုပ်ငန်းများလည်း မြန်ဆန်လာခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှု  လျော့ကျသွားခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် ကျန် အက္ခရာ (၆ဂ အက္ခရာအောက်) ကိုယ်ပိုင်လူစီးယာဉ်များ၊ အင်ဂျင်ပါဝါ ၆၆ဝ စီစီ အထိရှိပြီး တင်အား 1000Kg နှင့် အောက် ကိုယ်ပိုင်Pick Up (ဥပမာ-Hijet,------ စသဖြင့်) ယာဉ်ငယ်များအား   မူလမှတ်ပုံတင်   သက်တမ်း တစ်နှစ်မှ သက်တမ်း နှစ်နှစ်သို့  ၁.၁.၂ဝ၁၈ ရက်မှ   စတင်ပြောင်းလဲ  သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မြန်မာ့အလင်း

No comments:

Post a Comment