မင်းကင်းမြို့နယ် ပသေးကျေးရွာတွင် ယာမြေတူးဖော်ရာမှ
ရှေးဟောင်းဘုရားဆင်းတုတော်များတူးဖော်ရရှိ
မင်းကင်း ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့နယ်ပတေးကျေးရွာ အုပ်စု၊ ပသေး (မြောက်)ရွာတွင် ဒီဇင်ဘာ ဒုတိယပတ်ကအခြေခံပညာ အထက်တန်းကျောင်းအနီး ဦးလုံအော်၏ယာ မြေကွက်ပေါ်ရာ၌ ယင်းမာပင်အမြစ်အောက်တွင် ၀က်တစ်ကောင်၏နှုတ်သီးဖြင့် ထိုးဆွရာမှ ဘုရားဆင်းတု တော်ခေါင်းများပေါ်လာ၍တူးဖော်ကြည့်ရာ ဥာဏ်တော် တစ်ပေကျော်ရှိကြေးဆင်းတုတော်တစ်ဆူနှင့်စကျင်ဆင်းတုရုပ်ပွားတော်သုံးဆူတို့ကို စတင်တူးဖော်ရရှိပြီးဆက်လက်တူးဖော်ရာမှ ဆင်းတုတော် ၃၄ ဆူ၊ ဘုရားစာတိုက်ပါတစ်ဆူနှင့်အခြားငွေဆင်းတုရုပ်ပွားတော် စုစုပေါင်း ၅၀ ဆူတို့ကို ထပ်မံတူးဖော်ရရှိခဲ့သည်။
အဆိုပါတူးဖော်ရရှိသည့်ရှေးဟောင်းဘုရားဆင်းတုတော်များကိုပသေးကျေးရွာရှိ ဘုန်း တော်ကြီးကျောင်းသို့ ပင့်ဆောင်ပူဇော်ထားကြောင်းသိရသည်။ ချင်းတွင်းသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment