Latest News

Wednesday, December 27, 2017

တက္ကသိုလ်ဝင်စာမေးပွဲ စည်းကမ်းချက်များ ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ ကျင်းပ

တက္ကသိုလ်ဝင်စာမေးပွဲ စည်းကမ်းချက်များ ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၂၇

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ပညာတက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်း ချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းကို ယနေ့ နံနက် ပိုင်းက နေပြည်တော် ပျဉ်မနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ပုံမှန်အတိုင်းဆောင်ရွက် သွားမည်ြဖစ်ပြီး၊ တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာနများ အတွက် မေးခွန်းတစ်စုံ နိုင်ငံခြားစာစစ်ဌာနအတွက် မေးခွန်းတစ်စုံဖြင့် ကျင်းပဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲသည် စွာဖေသူကျောင်းသား၊ ကျောင်းသူများ အတွက် ဝါသနာ၊ဆန္ဒ၊ အရည်အချင်းအရ တက္ကသိုလ်ပညာရပ်များ ဆက်လက် သင်ယူနိုင်ရေးအတွက် အဆုံးအဖြတ်ပေးသော စာမေးပွဲဖြစ်ပါကြောင်း ၊ စာမေးပွဲနှင့်ပတ်သက်၍ မသမာ ဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်း ဆောင်ရွက်တတ်ရန် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်ရန်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်ရန် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ စဉ်းစားတွေးခေါ်မှုကို အားပေးပြီး ကိုယ်ပိုင် အရည်အချင်းဖြင့် သင်ယူထားသော ဘာသာရပ်များကို ကြိးစားဖြေဆို ကြရမည် ဖြစ်ပါကြောင်း၊ စာဖြေကာလအတွင်း သတ်မှတ်ချိန်အတိုင်း စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ စာမေးပွဲဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက် ကြီးကြပ် ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ အားလုံး ပူးပေါင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တက္ကသိုလ်ဝင် စာမေးပွဲ လုပ်ငန်း ဆိုင်ရာများကို ယခင်နှစ် အတွေ့အကြုံများအရ အားသာချက် များကို ပိုမို ကောင်းမွန်စေရေးနှင့် အားနည်းချက်များ လျှော့နည်း လာအောင် ပြင်ဆင်၍ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Ref ; ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment