ရန်ကုန် ဒီဇင်ဘာ ၂၇
ပွင့်လင်းရာသီသို့ရောက်ရှိချိန် လူနေထိုင်မှုသိပ်သည်းလာသော လှိုင်သာယာမြို့နယ်တွ င် ဒီဇင်ဘာ(၂၇)ရက်၊မွန်းလွဲ(၁)နာရီ(၅)မိနစ်က ဒိုင်စုကျေးရွာ ဦးထွန်းညိုလမ်းမကြီးနှင့် အမှတ်(၅၃၂)တပ်ခြံစည်းရိုးကြား တွင် ဖွင့်လှစ်ထားသော ဓာတ်ဆီဆိုင်ရှိ အလုပ်သမား မှ ဓာတ်ဆီထည့် နေစဉ် ဆေးလိပ်မီးညှိရာ ဆီပုံးများသို့ကူးစက်လောင်ကျွမ်း၍ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်ရာသို့မီးသတ်ယာဉ်(၄၉)စီး၊အုပ်ချုပ်မှုယာဉ်(၈)စီးနှင့်အထောက်အကူပြု ယာဉ်(၁၀)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ(၂)နာရီ(၂၀)တွင် မီးကို ထိန်းနိုင်ခဲ့ပြီး(၂)နာရီ(၂၅ )မိနစ်တွင်မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ဓာတ်ဆီပေပါ(၃၀)လုံး၊ဒီဇယ်ပေပါ(၂၀)လုံးနှင့် ပေပါအခွံ(၄၀) လုံးတို့မီးလောင်ဆုံးရှုံး၍ ပေ(၄၀)ပတ်လည်ခန့်ရှိ ၀ါးတဲ တစ်လုံးပျက်ဆီးခဲ့ပြီး ဆီဆိုင်မှာ ကားလမ်းနှင့်ပေတစ်ရာကျော်ဝေးသည့် အတွက် ကားလမ်းတစ်ဘက်ရှိစက်ရုံနှင့်ကျူးကျော်တဲများ မီးကူးစက်မှု ကင်းဝေးခဲ့ခြင်းဖြစ်ရာယခင်ကထိုလမ်းမကြီးဘေးရှိကျူးကျော် တဲများ မီးလောင်မှုဖြစ်ပွားခဲ့သောနေရာအနီးရှိ ကားလမ်းတစ်ဘက်တွင်ရှိသော ဓာတ် ဆီဆိုင်မီးလောင်မှုဖြစ်ပွာခဲ့ခြင်းးဖြစ်သည်။
အဆိုပါမီးလောင်မှုကြောင့် ဆီဆိုင်ပိုင်ရှင် ကိုမျိုးဇော်အောင်(၃၀)နှစ် အား လှိုင်သာယာမြို့မရဲစခန်းမှ အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
ဓာတ်ပုံ-သန်းစိုး - သန်းထိုက်(လှိုင်သာယာ)MMAL
No comments:
Post a Comment