Latest News

Friday, December 22, 2017

ခရစ္စမတ်ပွဲတော်မှာ လူသားတိုင်း ငြိမ်သက်အေးချမ်းကြပါစေ

ခရစ္စမတ်ပွဲတော်မှာ လူသားတိုင်း ငြိမ်သက်အေးချမ်းကြပါစေ


ဒီဇင်ဘာ ၂၅ ရက်သည်   ခရစ်ယာန် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည်။ ထိုနေ့တွင် လူသားအားလုံးချစ်ခြင်းမေတ္တာ ကို  ရရှိခံစားနိုင်စေရန်အလို့ငှာ ခရစ်ယာန်   ဘာသာဝင်များသည်  ခရစ္စမတ်ပွဲတော်ကို   နှစ်စဉ်မပြတ်    တန်ဖိုးထားကျင်းပကြ  သည်။

ယင်းကြောင့်ပင် မကြာခင်ကျရောက်လာ တော့မည့်     ခရစ္စမတ်ပွဲတော်အတွက် ခရစ်ယာန်ဘာသာဝင်   ဆရာတော်ကြီး များနှင့် တွေ့ဆုံခဲ့ပြီး ဆရာတော်ကြီးများ၏ ဆုတောင်းစကားသံနှင့်အတူ ပွဲတော်တွင်း အစီအစဉ်များကို ပြန်လည်ကောက်နုတ်ရေး သားဖော်ပြလိုက်သည်။

ခရစ္စမတ်နေ့

ဒီနေ့သူငယ်တော်လေး မွေးဖွားတဲ့နေ့ ခရစ္စမတ်ပေါ့နော်။   ခရစ်တော်မွေးဖွား လာရခြင်း   အကြောင်းအရင်းကတော့ ကျွန်တော်တို့ သမ္မာကျမ်းစာမှာပါလာတဲ့ အတိုင်း ငြိမ်သက်ချင်းရဲ့အရှင် ဖွားမြင်လာ မယ်တဲ့။ ကျွန်တော်တို့   ဓမ္မစကြာမှာတော့ သားယောက်ျားကို ဖွားမြင်မယ်။ ထိုသားက လူအပေါင်းကို အပြစ်တရားမှ ကယ်ချွတ် မယ့်သူဖြစ်သောကြောင့်  ယေရှုဟူသော အမည် မှည့်ရမယ်။  ဒီနေ့က ယေရှုမွေးနေ့ ကို ကျင်းပခြင်း ဖြစ်ပါတယ်။ မွေးဖွားလာတဲ့ သခင်ယေရှုဟာ လူသားအားလုံးကို အပြစ် တရားမှ ကယ်ချွတ်ဖို့၊ ကယ်နုတ်ဖို့ လောက ကြီးကို ကြွလာခြင်းဖြစ်ပါတယ်။

ခရစ္စမတ်ဆိုတာ

ခရစ္စမတ်ဆိုတာ   ခရစ်ယာန်ဘာသာ ဝင်တွေရဲ့ ပျော်ပွဲရွှင်ပွဲ တစ်ခုတည်း မဟုတ် ပါဘူး။ ဘာသာဝင်  ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတိုင်း အားလုံးပါဝင်နိုင်ပါတယ်။

ခရစ္စမတ်မှာ ကျွန်တော်တို့ အငယ်ဆုံး သောသူတွေကို   ပြုစုတယ်။ အထူးသဖြင့်   ဆင်းရဲနွမ်းပါးတဲ့   သူတွေအတွက်ကို လက်ဆောင်တွေပေးတယ်။ သီချင်းတွေ သီဆိုကြတယ်။     ဘုရားကျောင်းမှာ ပြဇာတ်ကကြတယ်။ ဂုဏ်တော်ချီးမွမ်းကြ တယ်။

ဒီနှစ်ကတော့ အလွန်ပင် ထူးခြားတဲ့နှစ်

မနှစ်ကတော့  အသင်းတော်တွေမှာပဲ၊ ကျွန်တော်တို့ရဲ့  ဘုရားကျောင်းထဲမှာပဲ ကျင်းပတယ်။ နိပါတ်တော်တေးတွေ သီဆို တယ်။    ဂန္ထဝင်တေးတွေ သီဆိုတယ်။ ပြီးတော့   ကလေးသူငယ်တွေ  Carol Singing လိုက်လံပြီးတော့ အိမ်တွေမှာ ချီးမွမ်းကြတယ်။ ဒီနှစ်ကတော့ အလွန်ပင် ထူးခြားတဲ့နှစ်ဖြစ်တယ်။   နိုင်ငံတော်မှ ကျွန်တော်တို့ကို   ခွင့်ပြုချက်နဲ့အညီ ဒီထူးခြားတဲ့ ခရစ္စမတ်ကို   ကျွန်တော်တို့ လမ်းမပေါ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ စင်သုံးစင်ရှိပါမယ်။ ကျွန်တော် တို့ ဧမာနွေလ  ဘုရားကျောင်းရဲ့  မဟာ ဗန္ဓုလပန်းခြံရှေ့မှာလည်း   စင်တစ်စင် ရှိမယ်။   ဒီစင်ကိုတော့  ကျွန်တော်တို့ ဧမာနွေလ     နှစ်ခြင်းအသင်းတော်က ဦးဆောင်ပြီး တာဝန်ယူ တည်ဆောက်ရပါ တယ်။ အဲဒီမှာ ကျွန်တော်တို့ ဘာကိုပြမလဲ ဆိုတော့  ဂန္ထဝင်တေးတွေ သီဆိုမယ်။ပြီးသွားရင်   နိပါတ်တော်တွေ ပြမယ်။ ပြီးသွားတဲ့အခါမှာကလေးတွေ သီချင်းတွေ ဆိုမယ်။ နိုင်ငံကျော်   တေးသံရှင်တွေက လာပြီးတော့ နိုင်ငံကျော်သီချင်းတွေကော၊ ခရစ္စမတ်သီချင်းတွေကော   ကျူးဧမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့  နောက်နှစ်စင်ကတော့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့  Junction city ရှေ့က   Anglican ဘုရားကျောင်း၊ ပြီးသွား ရင် ဒီဘက်ဗိုလ်အောင်ကျော်လမ်းအထိ   St Mary’s Cathedral  အထိ။ ခရစ္စမတ်ပွဲကို ၂၃၊ ၂၄၊ ၂၅ ညနေ ၆ နာရီကနေပြီးတော့ ၁ဝ နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။

ခရစ္စမတ်လက်ဆောင်လေးတွေ ဝေသွားမယ်

ကျွန်တော်တို့ ဧမာနွေလ ရှေ့မှာလည်း တဲလေးတွေရှိမယ်။   အဲဒီတဲလေးတွေက စတုဒိသာ ဝေမယ့်အစီအစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့     ခရစ္စမတ်သင်္ကေတ လက်ဆောင်လေးတွေ၊  ဦးထုပ်လေးတွေ၊   ကီးချိန်းလေးတွေ  ပြီးရင်   စားစရာတွေကို ဝေမှာ ဖြစ်ပါတယ်။ အဲလိုပဲ ဗိုလ်ချုပ်လမ်း တစ်လျှောက်မှာလည်း    အစီအစဉ်တွေ ရှိပါတယ်။  လက်ဆောင်တွေ ဝေကြမယ်။ သီချင်းတွေ  ဆိုကြမယ်။     အစီအစဉ်လေး ထူးထူးခြားခြား ရှိပါတယ်။     အခုလို အစီအစဉ်လေးကို ဒီနှစ်မှာ   ထူးထူး ခြားခြား ကျင်းပရတဲ့အတွက် နိုင်ငံတော်ကို လည်း  ကျေးဇူးတင်တယ်။ ခွင့်ပြုပေးတဲ့ လူကြီးတွေ   အားလုံးကိုလည်း  အလွန် ကျေးဇူး အထူးတင်ပါတယ်။

ခရစ္စမတ်မီးထွန်း ကြိုဆိုမည်

နှစ်ခြင်းအသင်းတော်အနေနဲ့   ဒီနှစ် ထူးခြားတာလေးကတော့ ဗန္ဓုလပန်းခြံရယ်၊ သခင်မြ  ပန်းခြံရယ်၊    အင်းစိန်ဘက်က ပန်းခြံတစ်ခုမှာ    ကျွန်တော်တို့ မီးတွေ ထွန်းပြီးတော့    ခရစ္စမတ်ပွဲကို ကြိုဆိုမှာ ဖြစ်ပါတယ်။

ခရစ္စမတ်ဆုတောင်း

ဒီနှစ်ကတော့မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ အတွက် အဓိကဆုတောင်းပြီး ဒီပွဲကို ကျင်းပ မှာ ဖြစ်ပါတယ်။   ဒီနေ့ မွေးဖွားလာတဲ့ သူငယ်တော်လေးဟာ  လူသားအားလုံးကို အပြစ်တရားက        ကယ်ချွတ်မယ့် ကယ်တင်ရှင်  ဖြစ်တဲ့  အတွက်ကြောင့် မြန်မာပြည်သူပြည်သားအားလုံး အေးချမ်း သာယာကြပါစေ။ ကျန်းမာရွှင်လန်းကြပါ စေ။   မွေးနေ့တော်မှာ လိုအင်ဆန္ဒအဝဝ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။     ခရစ္စမတ်ပွဲတော်မှာ လူသားတိုင်း ငြိမ်သက်အေးချမ်းကြပါစေ။

သတင်း-ခင်ဇာလီ
 ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment