အမေရိကန် နှင့် မြောက်ကိုရီးယား စစ်ရေးပဋိပက္ခဖြစ်ပွားရန် ပိုမိုနီးကပ်လာ
အမေရိကန်အထက်လွှတ်တော် "လက်နက်ကိုင်တပ်များ ကော်မတီ" တွင်ပါဝင်သော အထက်လွှတ်အမတ် လင်းဇီးဂရမ့်  က " မြောက်ကိုရီးယားနှင့် စစ်ရေးပဋိပက္ခဖြစ်ပွါးရန် နီးကပ်လာသောကြောင့် တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ ဝင်များ၏ အိမ်ထောင်သည်များနှင့် ကလေးများကို ပြောင်းရွှေ့ ရန် ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် စတင်လုပ်ဆောင်သင့်ကြောင်း" ပြောကြားလိုက်သည်။
တနင်္လာနေ့ (ယနေ့) တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်ဖြစ်ပြီး၊ ဒီဇင်ဘာလ ၈ ရက်နေ့ တွင်ပြီးဆုံးမည်ဖြစ်သည်။ လွန်ခဲ့သည့် ၂ ရက်က၊ အမေရိကန်လေတပ်၏ အဆင့်အမြင့်ဆုံးတိုက်လေယဉ်ဖြစ်သည့် F-22 Raptor ၆ စင်းသည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
(Reuters / CBS news / RT news)DYM
Ye Myint
Subscribe to:
Post Comments (Atom)
No comments:
Post a Comment