မြောင်းမြစည်ပင်မှကတ္တရာထပ်ပိုးလွှာခင်းတာကို အောက်ခံကတ္တရာလမ်းပေါ်ကတ္တရာသားမတင်ပဲ ဒီအတိုင်းဝမ်းတူးတင်၍ခင်းနေပါသည်။ အဲ့လိုခင်းရင်လမ်းဟောင်းနှင့် ထပ်ပိုးလွှာမတွဲပဲဖြစ်နေမှာပါ လမ်းထပ်ချဲ့သည့်အပေါ်ကို ထပ်ပိုးလွှာတင်ရင်ပိုဆိုးမှာဖြစ်ပါတယ် ၀မ်းတူးအပေါ်ဂလိုင်ဇာတင်ထားသည့်လမ်းကိုဒီအတိုင်းတင်ခင်းနေခြင်းပို၍ဆိုးသောလုပ်ရပ်ဖြစ်ပါတယ်။
ဒီလိုခင်းလို့ရမရကို လွှတ်တော်အမတ်ရှေ့တွင်လမ်းဦးစီးမှအင်/ယာများရှေ့တွင်၎င်း ကျေးလက်မှအင်/ယာများ ရှေ့တွင်၎င်းမေးပြခဲ့ဘူးပါသည် ၎င်းအင်/ယာများမှလုပ်၍မရကြောင်း (ကျွန်တော်သည်အင်/ယာမဟုတ်ပဲအင်/ယာစကားများပြောနေသည်ဟုကွယ်ရာမှာအတင်းပြောနေသူများအတွက်ကျွန်တော်ပြောသောစကားကိုမှန်မမှန်သက်သေယူခြင်းဖြစ်ပါသည်) ပြန်လည်၍ရှင်းပြခဲ့ပါသည်။
ယ္ခုလိုမျိုးလုပ်လျှင် အဆင်မပြေနိုင်ကြောင်းကိုလည်းစည်/ကော်ကိုလည်းအသိပေးပြောကြားခဲ့ပြီးလည်းဖြစ်ပါသည်။
ယ္ခုလုပ်ဆောင်နေခြင်းများသည် မင်းတို့ပြောချင်သလိုပြော ငါတို့စောက်ဂရုစိုက်စရာမလိုဘူး ဆိုသည့်အချိုးမျိုးဖြစ်နေခြင်းများအပေါ် အမတ်မင်းများမှစည်/ကော်နှင့်စည်ပင်ကိုထိမ်းကြောင်းတည့်မတ်ပေးပါရန် မြို့နေလူထုကိုယ်စား သောက်မျင့်ကတ်ခံ၍တင်ပြအပ်ပါသည်။
Moe Nyo
(မြောင်းမြ)
No comments:
Post a Comment