Latest News

Sunday, December 3, 2017

အရက္မူးလ်က္ေမာင္းႏွင္ေသာယာဥ္ေမာင္းတစ္ဦးေၾကာင္႕ အေမရိကန္ေရာက္ေျပာင္းေရႊ႕ျမန္မာ တစ္ဦးေသဆံုး


အခင္းျဖစ္ပြားပံုမွာ (၂ဝ၁၇) ခုႏွစ္ ဒီဇင္ဘာလ (၂) ရက္ေန႕ နံနက္ေစာ (၅:ဝ၈) နာရီအခ်ိန္တြင္ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ပင္လယ္ေအာ္ (Bay Area) ေဒသရွိ ဆန္ဖရန္စစၥကိုျမိဳ႕သို႕ကူးသည္႕ Bay Bridge တံတားျဖတ္ခေကာက္ခံသည္႕ရံုအမွတ္ (၁၄) - Toll Booth (14) ကုိ ပံုးကားတစ္စီးမွ တိုက္မိခဲ႕ျခင္းျဖစ္သည္။

Monarch တံဆိပ္ရိုက္ႏွိပ္ထားသည္႕ သံပံုးတင္ Box Truck အငွားေမာ္ေတာ္ယာဥ္မွာ တံတားျဖတ္ခေပးေဆာင္ရန္ရပ္တန္႕တန္းစီေနေသာ အိမ္စီးကား (၅) စီးကို ဆင္႕ကာဆင္႕တာတိုက္မိခဲ႕ရံုမက အရွိန္မထိန္းႏုိင္ပဲ ရံုအမွတ္ (၁၄) အခန္းငယ္ေလးႏွင္႕ ေငြေကာက္တာဝန္ထမ္းေဆာင္ေနေသာ ျမန္မာႏုိင္ငံဖြား-အေမရိကန္ေျပာင္းေရႊ႕အေျခခ်ေနထုိင္သူ ေဒၚစီစီဟန္ - အသက္ (၄၆) ႏွစ္ကိုပါ ဝင္တိုက္ခဲ႕ျပီး ေပေပါင္းမ်ားစြာ
လြင္႕စင္သြားေစခဲ႕သည္။

ျပစ္မႈက်ဴးလြန္သူမွာ အသက္ (၃၂) ႏွစ္အရြယ္ ေဖာ္စတာစီးတီး - Foster City ျမိဳ႕တြင္ေနထုိင္သူ ဒန္နီယယ္ဘာ႕ခ္ - Daniel Berk ဟုသိရျပီး ယာဥ္တုိက္မႈရပ္တန္႕ျပီးေနာက္ သူ႕ကုိကားထဲမွဆြဲထုတ္အျပီး သူ႕တြင္ အရက္ေသစာေသာက္စားျပီးယာဥ္ေမာင္းႏွင္ျခင္း - DUI လႊမ္းမိုးမႈရွိေနသည္ဟု CHP - Oakland - California Highways Patrol (Oakland) ရဲအဖြဲ႕မွအတည္ျပဳေျပာၾကားသည္။

ယာဥ္ေမာင္းမွာဒဏ္ရာျပင္းထန္ျပီး သူႏွင္႕အတူလိုက္ေသာအေဖာ္အပါအဝင္ အတုိက္ခံရေသာ
အျခားေမာ္ေတာ္ယာဥ္ (၅) စီးတို႕၏ယာဥ္ေမာင္းတို႕ကို အုတ္ကလန္ - Oakland ျမိဳ႕ရွိ ဟုိင္းလန္းေဆးရံု - Highland Hospital သို႕ေခၚေဆာင္ကုသေပးေနၾကာင္း CHP - Oakland က ဆိုပါသည္။

အဆိုပါေၾကကြဲဖြယ္ရာအျဖစ္အပ်က္ကုိ ဝမ္းနည္းေၾကာင္းျပသသည္႕အေနျဖင္႕ ေငြေကာက္ခံဂိတ္ - Toll Plaza ႏွင္႕ ျမိဳ႕ေတာ္ခန္းမရွိရာ ဆန္ခရမ္မင္းတို - Sacramento City Hall တုိ႕တြင္ အေမရိကန္အလံ ႏွင္႕ ကယ္လီဖိုးနီးယားအလံတို႕ကိုတစ္ဝက္ခ်လႊင္႕ထူထားေၾကာင္း ABC7 News က ေဖာ္ျပပါသည္။

မူးယစ္ေသာက္စားထားေသာယာဥ္ေမာင္းေၾကာင္႕ အသက္စေတးလိုက္ရေသာ ေဒၚစီစီဟန္တြင္အသက္ (၁ဝ) ႏွစ္အရြယ္သမီးတစ္ေယာက္ရွိျပီး ခင္ပြန္းသည္ ႏွင္႕ မၾကာေသးမီကမွ အေမရိကားသို႕ေျပာင္းေရႊ႕ေခၚယူထားခဲ႕ေသာ မိခင္တို႕ႏွင္႕အတူ ဆန္လိုရန္းဇို - San Lorenzo ျမိဳ႕တြင္ေနထုိင္ကာ ျပည္နယ္ကုန္းလမ္းပို႕ေဆာင္ေရး႒ာန - Caltrans - California Department of Transportation တြင္ လက္ရွိတာဝန္ထမ္းေဆာင္ေနသူျဖစ္သည္။

ေဒၚစီစီဟန္သည္ လြန္ခဲ႕သည္႕ (၁၅) ႏွစ္က ခင္ပြန္းသည္ႏွင္႕လက္ထပ္၍အေမရိကန္ႏိုင္ငံသို႕ေျပာင္းေရႊ႕ေနထုိင္လာသူျဖစ္ျပီး သမီးငယ္ေမြးျပီးမ်ားမၾကာမီ ျပည္နယ္အစုိးရမွေပးသည္႕တံတားျဖတ္ခေကာက္ခံသည္႕အလုပ္ကိုရရွိလုပ္ကိုင္ခဲ႕သည္။ အခင္းျဖစ္ပြားသည္႕နံနက္တြင္ သူမ ေသဆံုးခ်ိန္မတိုင္ခင္ (၁ဝ) မိနစ္အလိုတြင္မွ တာဝန္ခ်ိန္ - Shift သို႕ စတင္ဝင္ေရာက္ခဲ႕သည္ဟု ရဲတပ္ဖြဲ႕သတင္းအရသိရွိရသည္။

အဆိုပါေၾကကြဲဖြယ္ရာျဖစ္ရပ္ေၾကာင္႕ အေမရိကားေရာက္ျမန္မာအသုိင္းအဝုိင္းရွိ ျမန္မာလူထုၾကားတြင္ ေျဖမဆယ္ႏိုင္ျဖစ္ေနၾကျပီး အေမရိကန္အစိုးရ ႏွင္႕ ျပည္နယ္အစုိးရတုိ႕မွ လူသားခ်င္းစာနာသည္႕အေထာက္အကူႏွင္႕နာေရးကိစၥတို႕ကိုေအာင္ျမင္စြာေဆာင္ရြက္ေပးသြားႏုိင္ရန္ေမွ်ာ္လင္႕ေနၾကပါသည္။
သတင္းေရးသားသူ - ကိုညီညီ (ေတာင္္ၾကီး)
12-03-2017
Sources: ABC7 News. CHP-Oakland Page

Unicode Version:

. "အရက်မူးလျက်မောင်းနှင်သောယာဉ်မောင်းတစ်ဦးကြောင့် အမေရိကန်ရောက်ပြောင်းရွှေ့မြန်မာတစ်ဦးသေဆုံး"
. အခင်းဖြစ်ပွားပုံမှာ (၂ဝ၁၇) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်စော (၅:ဝ၈) နာရီအချိန်တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပင်လယ်အော် (Bay Area) ဒေသရှိ ဆန်ဖရန်စစ္စကိုမြို့သို့ကူးသည့် Bay Bridge တံတားဖြတ်ခကောက်ခံသည့်ရုံအမှတ် (၁၄) - Toll Booth (14) ကို ပုံးကားတစ်စီးမှ တိုက်မိခဲ့ခြင်းဖြစ်သည်။
.
. Monarch တံဆိပ်ရိုက်နှိပ်ထားသည့် သံပုံးတင် Box Truck အငွားမော်တော်ယာဉ်မှာ တံတားဖြတ်ခပေးဆောင်ရန်ရပ်တန့်တန်းစီနေသော အိမ်စီးကား (၅) စီးကို ဆင့်ကာဆင့်တာတိုက်မိခဲ့ရုံမက အရှိန်မထိန်းနိုင်ပဲ ရုံအမှတ် (၁၄) အခန်းငယ်လေးနှင့် ငွေကောက်တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံဖွား-အမေရိကန်ပြောင်းရွှေ့အခြေချနေထိုင်သူ ဒေါ်စီစီဟန် - အသက် (၄၆) နှစ်ကိုပါ ဝင်တိုက်ခဲ့ပြီး ပေပေါင်းများစွာလွင့်စင်သွားစေခဲ့သည်။
.
.
. ပြစ်မှုကျူးလွန်သူမှာ အသက် (၃၂) နှစ်အရွယ် ဖော်စတာစီးတီး - Foster City မြို့တွင်နေထိုင်သူ ဒန်နီယယ်ဘာ့ခ် - Daniel Berk ဟုသိရပြီး ယာဉ်တိုက်မှုရပ်တန့်ပြီးနောက် သူ့ကိုကားထဲမှဆွဲထုတ်အပြီး သူ့တွင် အရက်သေစာသောက်စားပြီးယာဉ်မောင်းနှင်ခြင်း - DUI လွှမ်းမိုးမှုရှိနေသည်ဟု CHP - Oakland - California Highways Patrol (Oakland) ရဲအဖွဲ့မှအတည်ပြုပြောကြားသည်။
.
. ယာဉ်မောင်းမှာဒဏ်ရာပြင်းထန်ပြီး သူနှင့်အတူလိုက်သောအဖော်အပါအဝင် အတိုက်ခံရသောအခြားမော်တော်ယာဉ် (၅) စီးတို့၏ယာဉ်မောင်းတို့ကို အုတ်ကလန် - Oakland မြို့ရှိ ဟိုင်းလန်းဆေးရုံ - Highland Hospital သို့ခေါ်ဆောင်ကုသပေးနေကြာင်း CHP - Oakland က ဆိုပါသည်။
.
.
. အဆိုပါကြေကွဲဖွယ်ရာအဖြစ်အပျက်ကို ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် ငွေကောက်ခံဂိတ် - Toll Plaza နှင့် မြို့တော်ခန်းမရှိရာ ဆန်ခရမ်မင်းတို - Sacramento City Hall တို့တွင် အမေရိကန်အလံ နှင့် ကယ်လီဖိုးနီးယားအလံတို့ကိုတစ်ဝက်ချလွှင့်ထူထားကြောင်း ABC7 News က ဖော်ပြပါသည်။
.
. မူးယစ်သောက်စားထားသောယာဉ်မောင်းကြောင့် အသက်စတေးလိုက်ရသော ဒေါ်စီစီဟန်တွင်အသက် (၁ဝ) နှစ်အရွယ်သမီးတစ်ယောက်ရှိပြီး ခင်ပွန်းသည် နှင့် မကြာသေးမီကမှ အမေရိကားသို့ပြောင်းရွှေ့ခေါ်ယူထားခဲ့သော မိခင်တို့နှင့်အတူ ဆန်လိုရန်းဇို - San Lorenzo မြို့တွင်နေထိုင်ကာ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးဋ္ဌာန - Caltrans - California Department of Transportation တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်သည်။
.
.
. ဒေါ်စီစီဟန်သည် လွန်ခဲ့သည့် (၁၅) နှစ်က ခင်ပွန်းသည်နှင့်လက်ထပ်၍အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်လာသူဖြစ်ပြီး သမီးငယ်မွေးပြီးများမကြာမီ ပြည်နယ်အစိုးရမှပေးသည့်တံတားဖြတ်ခကောက်ခံသည့်အလုပ်ကိုရရှိလုပ်ကိုင်ခဲ့သည်။ အခင်းဖြစ်ပွားသည့်နံနက်တွင် သူမ သေဆုံးချိန်မတိုင်ခင် (၁ဝ) မိနစ်အလိုတွင်မှ တာဝန်ချိန် - Shift သို့ စတင်ဝင်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းအရသိရှိရသည်။
.
. အဆိုပါကြေကွဲဖွယ်ရာဖြစ်ရပ်ကြောင့် အမေရိကားရောက်မြန်မာအသိုင်းအဝိုင်းရှိ မြန်မာလူထုကြားတွင် ဖြေမဆယ်နိုင်ဖြစ်နေကြပြီး အမေရိကန်အစိုးရ နှင့် ပြည်နယ်အစိုးရတို့မှ လူသားချင်းစာနာသည့်အထောက်အကူနှင့်နာရေးကိစ္စတို့ကိုအောင်မြင်စွာဆောင်ရွက်ပေးသွားနိုင်ရန်မျှော်လင့်နေကြပါသည်။
.
. သတင်းရေးသားသူ - ကိုညီညီ (တောင််ကြီး)
. 12-03-2017
.
. Sources: ABC7 News. CHP-Oakland Page

No comments:

Post a Comment