Latest News

Friday, December 29, 2017

မြတ်နိုးသူကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးခဲ့သော ငမိုးရိပ်တံတား(သစ္စာ) ဖွင့်ပွဲ

မြတ်နိုးသူကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးခဲ့သော  ငမိုးရိပ်တံတား(သစ္စာ) ဖွင့်ပွဲ
                                                                                         ယာဉ်ကြောကျပ်တည်းမှုများကို  ဖြေလျှော့ပေးနိုင်ရန်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့်  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်၍  မြတ်နိုးသူကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးခဲ့သော  ငမိုးရိပ်တံတား(သစ္စာ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး  တောင်ဥက္ကလာပမြို့နယ်  သစ္စာလမ်းရှိ  အဆိုပါတံတား၌ ကျင်းပသည်။

အဆိုပါတံတားသည် တောင်ဥက္ကလာပ မြို့နယ် သစ္စာလမ်းနှင့်  ဒဂုံ(မြောက်ပိုင်း) မြို့နယ်   ငါးမာန်အောင်ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် နှစ်လမ်းသွားတံတားဖြစ်ပြီး  တံတား၏အရှည်မှာ  အလျား ၂၈ဝ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ချဉ်းကပ်လမ်း တစ်ဖက်လျှင် ၆ဝ မီတာ ရှိပြီး  သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။ တံတားကို ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၅ ဒသမ ၂ ဘီလီယံအကုန်အကျခံ တည်ဆောက်ထားသည်။ ထိုတံတားကိုအသုံးပြု၍  ဒဂုံ(မြောက်ပိုင်း)ပင်လုံလမ်း၊   ဒဂုံ(တောင်ပိုင်း)ပင်လုံအိမ်ရာနှင့်   ဆက်စပ်နေသည့်နေရာများသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်သည်။

ယခင်က  ဒဂုံ(မြောက်ပိုင်း)မြို့နယ် သို့ သွားမည်ဆိုပါက  ဘေလီတံတားတစ်ခုတည်းကိုသာ အသုံးပြုရသည့်အတွက် ယာဉ်ကြောကျပ်တည်းမှုများနှင့် တွေ့ကြုံခဲ့ရသည်။ ထို့ပြင် ဒဂုံ(မြောက်ပိုင်း) တံတားအဆင်းတွင် ယာဉ်မတော်တဆမှုများ ကင်းဝေးစေရန် ကွန်ကရစ်တုံးများချထားပြီး ပတ်လမ်းတစ်ခုအဖြစ်   ပြုလုပ်ပေးထားသည်။ တံတားကို ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး  နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူများကိုသာ  စတင်ဖြတ်သန်းသွားလာ  ခွင့်ပြုခဲ့ကြောင်း သိရသည်။(MWD)

No comments:

Post a Comment