Latest News

Friday, December 29, 2017

ရောမမြို့ ကိုတောင် တစ်နေ့ တည်တည်ဆောက်လို့ မရနိုင်တာ ကြောင့် ကိုယ်စားလှယ်တွေ စိတ်ရှည်ဖို့ လွတ်တော် ဥက္ကဌ သတိပေး

ရောမမြို့ ကိုတောင် တစ်နေ့ တည်တည်ဆောက်လို့ မရနိုင်တာ
ကြောင့် ကိုယ်စားလှယ်တွေ စိတ်ရှည်ဖို့ လွတ်တော် ဥက္ကဌ သတိပေး

ရောမမြို့ ကြီးကိုတောင် တစ်နေ့ တည်တည်ဆောက်လို့ မရနိုင်တာကြောင့် ကိုယ်စားလှယ်တွေ အနေဖြင့် စိတ်ရှည်သည့်းခံပြီးဆက်လက် ဆောင်ရွက်ကြဖို့ ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်ကသတိပေးပြောဆိုခဲ့ သည်။

ဒီဇင်ဘာလ(၂၈)ရက်နေ့ ကကျင်းပသော ဒုတိယအကြိမ်လွတ်တော်န၀ပုံမှန်အစည်းဝေးတွင် ယင်းကဲ့ သိဲု့ သို့ ထည့်သွင်းပြောဆိုသတိပေးခဲ့ ခြင်းဖြစ်သည်။

ဝါးခယ်မမဲဆန္ဒနယ်က ဒေါ်မြင့်မြင့်စန်း မေးမြန်းခဲ့ သော ရပ်ကွက်ကျေးရွာများတွင် အမျိုးသမီးအဖွဲ့ ဝင်များပြန်လည် ဖွဲ့ စည်းရေးနှင့်ပတ်သတ်သောမေးခွန်းတွင် လူမှုရေးဝန်ကြီးကပြန်လည်ဖြေကြားမှုကို ဒေါ်မြင့်မြင်းစန်းနှင့် အပြန်အလှန်မေးခွန်းးများမေးမြန်းရင်းလွတ်တော်ဥက္ကဌက သတိပေးပြောဆိုခဲ့ ခြင်းဖြစ်သည်။

“ကျွန်တော်က အပြစ်ပြောနေတာမဟုတ်ဘူး ပြန်လည် သုံးသပ်နိုင်ဖို့ ပြောနေတာ “ဟု ဒေါ်မြင့်မြင်းစန်းက လွတ်တော်တွင် ဒေါက်တာလှမြတ်သွေးကို ပြန်လည်ပြောဆိုခဲ့ သည်။

ယင်းသို့ ပြောဆိုအပြီးတွင် လွတ်တော် ဥက္ကဌက “တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနဲ့  လွတ်တော်ကိုယ်စားလှယ်များဟန်ချက်ညီညီရှေ့ ဆက်ပြီး စိတ်ရှည်ရည်နဲ့  ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ် ရောမမြို့ ကြီးကိုတော့ တစ်ရက်တည်း တည်ဆောက်လို့ မရနိုင်ဘူး “ဟု ပြောဆိုပြီးလွတ်တော်အစည်းဝေးကိုဆက်လက်ကျင်းပခဲ့ သည်။

အစိုးရသက်တမ်း(၂)နှစ်ကျော်အကြာတွင် လွတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဝင်များကြီးအဆိုမေးခွန်း မေးမြန်းမှုများတွင်တင်းမာမှုများအနည်းငယ်ရှိလာသည်ဟု လွတ်တော်လေ့ လာသူများကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးဒုတိယအကြိမ်လွတ်တော် သည်လည်း ကိုးကြိမ်မြောက်ကျင်းပပြီးစီးခဲ့ ပြီးလွတ်တော် သက်တမ်းသည်လည်း(၂)နှစ်ပြည့်တော့မည်ဖြစ်သည်.။

မျိုးမင်းပိုင်

No comments:

Post a Comment