မန်ချက်စတာ ဒီဇင်ဘာ ၂၆
မန်ယူနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းသည် ယနေ့တွင် ဘန်လေနှင့်ပရီးမီးယားလိဂ်ပွဲကစားရပြီး မန်စီးတီးက တစ်ရက်ပိုအနားရကာ ဒီဇင်ဘာ ၂၇ ရက်မှ နယူးကာဆယ်နှင့် ကစားရခြင်း၊ အာဆင်နယ်အသင်းသည် ဒီဇင်ဘာ ၂၈ ရက်မှ ပဲလေ့စ်နှင့်ကစားရခြင်းတို့ကြောင့် ပွဲစဉ်ရေးဆွဲမှုကို အပြစ်တင် ဝေဖန်ကာ ပြိုင်ဘက်များနားရက်ပိုရပြီး မမျှတဟု မကျေမနပ်ပြော ကြားသည်။ မော်ရင်ဟိုက ''ကျွန်တော်က အသာစီးရတဲ့သူတွေအကြောင်းတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။
တချို့က ခြောက်ရက်လောက်နားချိန်ရပြီးမှ နောက်တစ်ပွဲကို ကစားရတယ်။ ဒါကြောင့် သူတို့ပြင်ဆင်ချိန်ပိုရတာပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့က ခရစ္စမတ်အပြီး နောက်တစ်ရက်မှာ ကစားရတယ်။ သူတို့ကတော့ နောက်နှစ်ရက် မှ ကစားရတာဖြစ်လို့ တစ်ရက်ပိုပြီး အနားရတယ်။
ပြဿနာက တစ်သင်းနဲ့တစ်သင်းကြား မတူညီတဲ့ဖြစ်စဉ် တွေရှိနေလို့ပဲ။ အင်္ဂလန်ဘောလုံးလောကမှာ ဒီလိုဖြစ်စဉ်တွေကို ကျွန်တော်က ဒီဇင်ဘာဒဏ်ရာများလို့ သုံးနှုန်းချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီဇင်ဘာဒဏ်ရာကြီးဖြစ်နေပေမယ့် ကိုယ်တွေက တံခါးဖွင့် လက်ခံရတာပဲလေ''ဟု ပြောသည်။(MWD)
No comments:
Post a Comment