Latest News

Wednesday, December 27, 2017

ကချင်ပြည်နယ်ရှိ ဘိန်းခင်းဧက၁၀၀ကျော်ကိုဖျက်စီး

ကချင်ပြည်နယ်ရှိ ဘိန်းခင်းဧက၁၀၀ကျော်ကိုဖျက်စီး

မြစ်ကြီးနား ဒီဇင်ဘာ၂၇

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ချီဖွေမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၁၀၀ကျော်ကိုဖျက်စီးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ချီဖွေမြို့နယ်အတွင်းရှိ လန်းဂျောရွာ၊ဝူးကွေ့ရွာနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဝေမိုးကျေးရွာ၊ လငန်ကျေးရွာ၊ ရှငေါ် ကျေးရွာ၊ရှဖကျေးရွာ၊ စင်ကြိုင်ကျေးရွာ၊ချောင်းမော်ကျေးရွာ၊ရှမ်းကြူရွာသစ်၊ချောင်းမော-လုံရှာအနီး၊အထက်ဘာတွန်၊ အောက်ဘာတွန် ၊ယင်းရွာပတ်ဝန်းကျင် အနီးရှိ ဘိန်းခင်းများကို ဖျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု၂ ၊ပြည်သူ့ စစ်၊ နယ်ခြားစောင့်တပ်၊ ရပ်ကွက် အတွင်းဖွဲ့စည့်ထားသည့်မူး စိတ်တား အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးနှင့် စိုက်​ပျိုး​ရေး ၊မြေစာရင်း၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ စုစုပေါင်း လူအင်အား၁၀၀ ခန့်ပါဝင်၍ ဒီဇင်​ဘာ ၁၄ရက်မှ၂၄ရက်အထိ ဘိန်းခင်းဧကပေါင်း ၁၅၇ ဒသမ ၆၂ဧကကို သွားရောက်၍ ဖျက်​စီးခဲ့ ကြခြင်းဖြစ်ကြောင်းသိရသည်။

``ဒီနှစ်ဘိန်းခင်းသွားဖျက်တဲ့အခါ ဧကတစ်ရာကျော်ကို ဖျက်စီးခဲ့တယ်။ ဘိန်းစိုက်ပျိုးတဲ့သူတွေကို ပညာပေး ဆွေးနွေးတဲ့အခါသူတို့က ဘိန်းအစားထိုး သီးနှံချပေးဖို့၊အဲ့ဒီသီးနှံတွေကို ဝယ်လက်ရှာပေး ဖို့နဲ့၊လာဝယ်တဲ့သူတွေ အဆင်​​ပြေစေဖို့လမ်းတံတားတွေဖောက် လုပ်ပေး ပါလို့ ဘိန်းစိုက်တောင်သူ ဒေသခံတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျွန်တော်တို့ကနေတစ်ဆင့် ပြန်ပြောခိုင်းပါတယ်´´ဟု မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲမှူးသိန်းနိုင်ကပြောသည်။

ယခင်နှစ်များမှလည်း ဘိန်းခင်းများကို သွားရောက်ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ကြပြီး  ၂၀၁၆ ခုနှစ်တွင် ဘိန်းစိုက် ဧက၂၈၉ ဒသမ၁၀ဧကကို ဖျက်ဆီးခဲ့ကြောင်း မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်း အရ သိရသည်။

EPN(MMAL)

No comments:

Post a Comment