Latest News

Thursday, December 28, 2017

တောမကျေးရွာအနီးယာဉ်နှစ်စီးတိုက်မှုဖြစ်တစ်ဦးသေဆုံး

တောမကျေးရွာအနီးယာဉ်နှစ်စီးတိုက်မှုဖြစ်တစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊စဥ့်ကိုင်မြို့နယ်တောမကျေးရွာအနီးမန္တလေး-ရန်ုကုန်ကားလမ်းမိုင်တိုင်အမှတ် ၄၀၉/၃-၄ကြားတွင် ခရီးသည် တင်ယာဉ်နှင့်(၁၂)ဘီးယာဉ်တို့ဒီဇင်ဘာ(၂၇)ရက် မွန်းလွဲ(၂) နာရီခွဲအချိန်ခန့်တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာတစ်ဦးသေဆုံးခဲ့သည်။

 ဖြစ်စဉ်မှာ စဥ့်ကိုင်မြို့နယ်တောမကျေးရွာအနီး မိုင်တိုင်အမှတ် ၊၄၀၉/၃-၄ကြားတွင် ယဉ်မင်းစိုး(ခ)ဖိုးသား(၁၉)နှစ်တံစိုးရွာ ကျောက်ဆည်မြို့နေသူမောင်းနှင်သည့်MDY6A/ 1500BILUX
အဖြူရောင်(ဆင်ခေါင်းအသင်း)ယာဉ်သည် ခရီးသည်များ တင်ဆောင်၍ မောင်းနှင်လာပြီး ကားရေဆူသဖြင့်မြေလမ်းဘေးသို့ချရပ်ပြီး ရေဖြည့်နေစဉ် ၄င်းလမ်းအတိုင်းချစ်သဲ(၃၂)နှစ်(ဘ)ဦးမြင့်သိန်း၊ယာဉ်မောင်းသကြီးတန်းရပ်ကွက်၊ကြံခင်းမြို့နယ်နေသူမောင်းနှင်လာသည့် IP/ ------ MYYSUBISHI FUSO (၁၂)ဘီးယာဉ်ဖြူပြာရောင် ကားမှ နာက်ကနေ၀င်ရောက်တိုက်သဖြင့်  ယာဉ်ပေါ်ပါခရီးသည်များတွင် ဒေါ်ကြည်ကြည်စမ်း(၆၄)နှစ် ရောင်း/ ၀ယ်၊ပြည်ပန်းရွာကျောက်ဆည် မြို့နယ်နေသူတွင် ယာမျက်နှာအရေပြား စုတ်ပြဲ၊အရိုးကြေမွ၊ဝဲပေါင် ပေါက်ပြဲအရိုးကျိုး၊ယာခြေချင်းဝတ်အရိုးကျိုး၊ယာလက်ညှိုးအရိုးကျိုးဒဏ်ရာများဖြင့်နေရာတွင်သေဆုံးခဲ့ပြီးယာဉ်ပေါပါခရီးသည်(၁၅)ဦးမှာလည်းပြင်းထန်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူချစ်သဲအားအရေးယူပေးရန်တာဝန်မှူး
ရဲအုပ်ဇော်မိုးလွင်မှတရားလိုပြုတိုင်းတန်းခဲ့ရာစဥ့်ကိုင်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။ ၀င်းဝင်းသန်း(စဥ့်ကိုင်)

No comments:

Post a Comment