မဲဘုန်းမြို့၌ လမ်းလျှောက် သွားလာနေသည့် လူအုပ်ကြီးကို ကားတစ်စီး ဝင်တိုက်၊ ၁၆ ဦးဒဏ်ရာရ
ဆစ်ဒနီ ဒီဇင်ဘာ ၂၁
သြစတြေးလျနိုင်ငံ မဲဘုန်းမြို့၌ ဒီဇင်ဘာ၂၁ ရက် နေ့လယ်ပိုင်းတွင် လမ်းလျှောက်သွားလာနေသည့် လူအုပ် အတွင်းသို့ အားကစားလုပ်ငန်းတွင် အသုံးပြုသည့် SUV ကားတစ်စီးက ဝင်တိုက်ခြင်းကြောင့် အနည်းဆုံး ၁၆ ဦး ဒဏ်ရာ ရရှိကြောင်း ဒေသတွင်းသတင်းဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ SUV ယာဉ်မောင်းသည် နောက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်းနှင့် မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ပမာဏကို အတိအကျ မသိရကြောင်း ဗစ်တိုးရီးယာြး ပည်နယ် ရဲတပ်ဖွဲ့က ၎င်းတို့၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။ ယာဉ်မတော် တဆမှုကြောင့် ဒဏ်ရာရရှိသူ အနည်းဆုံး ၁၂ ဦးကို ဆေးကုသမှု ခံယူရန် တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြည်နယ်လူနာတင် ယာဉ်အဖွဲ့မှ အာဏာပိုင်များက ပြောသည်။
အဆိုပါ ယာဉ် မောင်းသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အဲလိဇဘက်လမ်းဆုံနှင့် ၎င်းမြို့၏ လူစည်ကားရာ ဖလင်ဒါလမ်းရှိ မီးပွိုင့်ကို ဖြတ်ကျော်မောင်းနှင်ရာမှ ခရစ္စမတ် ပိတ်ရက်နှင့် အားလပ်ရက်များတွင် လမ်းလျှောက် သွားလာနေသည့် လူအုပ်ကြီးကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက 3AW အသံလွှင့်ဌာန သို့ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက် လက် လုပ်ဆောင်လျက်ရှိကြောင်း နှင့် အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိကြောင်း ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ သိရသည်။
Ref: Xinhua
Subscribe to:
Post Comments (Atom)
No comments:
Post a Comment