Latest News

Friday, December 22, 2017

တောင်ကိုရီးယားရှိ ရှစ်ထပ် အဆောက်အအုံ၌ မီးလောင်မှု ဖြစ်ပွား၊ ၁၆ ဦးသေဆုံး

တောင်ကိုရီးယားရှိ ရှစ်ထပ် အဆောက်အအုံ၌ မီးလောင်မှု ဖြစ်ပွား၊ ၁၆ ဦးသေဆုံး

ဆိုး ဒီဇင်ဘာ ၂၁

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂျီချီအွန်မြို့၌ မီးလောင်မှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမီးလောင်မှုသည် ဆိုးမြို့တော်အရှေ့တောင်ဘက် ကီလိုမီတာ ၁၇ဝ အကွာ မြောက်ချန်ချောင်ပြည်နယ်မှ အထပ်ရှစ်ထပ်ရှိ အားကစားစင်တာ အဆောက်အအုံ၌ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅၃ မိနစ်တွင် ဖြစ်ပွား ခြင်းဖြစ်သည်။ သေဆုံးသူအားလုံး မှာ ယင်းအဆောက်အအုံ၏ ဒုတိယအထပ်ရှိ အများသုံး ချွေးထုတ်ခန်း၌ ရောက်ရှိနေသူများဖြစ်ပြီး မီးခိုးရှူရှိုက်မိသူ ၁၈ ဦးကို တာဝန်ရှိသူများက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထား ကြောင်းနှင့် တစ်ဦးမျှ အသက်အန္တရာယ် စိုးရိမ်ရခြင်းမ ရှိကြောင်း သိရသည်။

မီးလောင်မှုသည် ပထမထပ်ရှိ ကားရပ်နားရာနေရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး အဆောက်အအုံတစ်ခုလုံး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးငြှိမ်းသတ်ရန်နှင့် ဒေသခံများကို ကယ်ဆယ်ရန်အတွက် မီးသတ် ယာဉ် အစီး ၅ဝ နှင့် ရဟတ်ယာဉ်နှစ်စင်း အပါအဝင် မီးသတ်သမား ၆ဝ ခန့်ကိုအခင်းဖြစ်ပွားရာ နေရာသို့စေလွှတ်ခဲ့ပြီး မီးကို ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၄ဝတွင်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

No comments:

Post a Comment