ဖိလစ်ပိုင်တွင် ခရီးသည် ၂၅၁ ဦးလိုက်ပါလာသည့် ကူးတို့တစ်စင်း နစ်မြုပ်
မနီလာ ဒီဇင်ဘာ ၂၁
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တောင်ပိုင်း၌ ဒီဇင်ဘာ၂၁ ရက်တွင် ခရီးသည်၂၅၁ ဦးလိုက်ပါလာသည့် ကူးတို့ ယာဉ်တစ်စင်း နစ်မြုပ်ရာ အနည်းဆုံးလေးဦး သေဆုံးသွားကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကပြော သည်။ အဆိုပါကူးတို့သည် မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုအတွင်း ကမ်း ခြေမှ ၁ဝ မိုင်ခန့်အကွာ၌ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ကူးတို့နစ်မြုပ်မှုအတွင်း အသက်ရှင် ကျန်ရစ်သူ ၁၁ ဦးကို ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ပြီးနောက် ကွီ ဇွန်ပြည်နယ် အင်ဖာတာမြို့ရှိ ဆေးရုံသို့ပို့ဆောင်ပေးလိုက်ကြောင်းနှင့် ခရီးသည်အချို့မှာ ရေနစ်သေဆုံးသွား ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိ သူ အာမန်ဘာလီလိုက ပြောသည်။
ယင်းကူးတို့ယာဉ်သည် အမြန်ရေယာဉ် တစ်စင်းဖြစ်ပြီး ခရီးသည် ၁၈၆ ဦးအထိ တင်ဆောင်နိုင်ကြောင်းနှင့် ကူးတို့ယာဉ်နစ်မြုပ်မှုသည် ရာသီဥတု ကြမ်းတမ်းခြင်းကြောင့် ဖြစ်သည်ဟု အာဏာပိုင်များက ယူဆထားကြောင်း သိရသည်။
Ref: Xinhua
Subscribe to:
Post Comments (Atom)
No comments:
Post a Comment