Latest News

Thursday, December 21, 2017

အမေရိကန်မှ ဗိုလ်ချုပ် မောင်မောင်စိုးကို နာမည်ပျက် စာရင်းသွင်း ဒဏ်ခတ်ပြီ


ပြီးခဲ့သည့် အပါတ် အတွင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးမှ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများအတွက် တာဝန်အရှိဆုံးကို နာမည်ပျက် စာရင်းသွင်းကာ ဒဏ်ခတ်မည်ဟု ကြေငြာခဲ့ရာ ယနေ့တွင် သမ္မတ ဒေါ်နယ် ထရန့် အမိန့်ဖြင့် နာမည်နှင့်တကွ ထုတ်ပြန်ကြေငြာလိုက်ရာ ပြီးခဲ့သည့် လအထိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဖြစ်ခဲ့သူ ဗိုလ်ချုပ် မောင်မောင်းစိုးပင် ဖြစ်သည်ဟု သိရသည်။

ဗိုလ်ချုပ် မောင်မောင်စိုးနှင့်အတူ အမေရိကန်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုများ နှင့် အကျင့်ပျက် လာဒ်စားမှုများ အတွက် မင်နက်စကီး အက်ဥပဒေဖြင့် ယနေ့ နာမည်ပျက်စာရင်းသွင်းသူ ကမ္ဘာတ၀ှမ်းတွင် ၁၃ ဦး ရှိခဲ့သည်။
၎င်းတို့အထဲတွင် ဂမ်ဘီယာ သမ္မတဟောင်း၊ ကွယ်လွန်သွားပြီဖြစ်သော အူဘက်ကစ္စတန် အာဏာရှင်၏ သမီး၊ ရုရှား ရှေ့နေချုပ်၏ သား၊ တို့ ပါဝင်သည်။

ဗိုလ်ချုပ် မောင်မောင်စိုးအား နာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့မှုသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ မြန်မာပြည်အပေါ် သိသိသာသာ ဆက်ဆံရေး ပြောင်းလဲသွားခြင်းကို ညွှန်းပြနေသည်ဟု ဆိုသည်။ ၎င်းသည် လူသတ်မှု၊ မုဒိမ်းမှု များ နှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခဲ့မှုများတွင် နောက်ကွယ်မှ တာဝန်ယူ ကွပ်ကဲခဲ့သည်ဟု သက်သေ အထောက်အထားများကို ကိုးကား၍ စွပ်စွဲထားခဲ့သည်။

ထိုဥပဒေအရ ၎င်းပိုင်ဆိုင်သော အမေရိကန်ရှိ ပစ္စည်း ဥစ္စာငွေကြေးများကို ထိမ်းချုပ်ထားမည် ဖြစ်သည့်အပြင် အမေရိကန် နိုင်ငံသားများအားလည်း ၎င်းနှင့် ပါတ်သက်သော စီးပွားရေး လုပ်ငန်းများ မလုပ်ရန် တားမြစ်လိုက်သည်။

ဗိုလ်ချုပ် မောင်မောင်စိုးအား ပြီးခဲ့သည့်လမှစ၍ အခြားရာထူးသို့ ရွှေ့ပြောင်းပေးခဲ့ပြီးလည်း ဖြစ်သည်။
နောက်ဆက်တွဲ ရရှိသော သတင်းအရ ကုလ လူ့အခွင့်အရေး အကြီးအကဲ Zeid Ra'ad Hussein သည် ၂၀၁၈ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သော ၎င်း၏ ဒုတိယ သက်တမ်း ရာထူးအတွက် ဆက်လက်တာဝန်ထမ်းဆောင်တော့မည် မဟုတ်ဟု ကြေငြာလိုက်သည်။ စိတ်ပျက်ဖွယ်ကောင်းလှအောင် လူ့အခွင့်အရေး ကာကွယ်မှုများ ကို အသံတိတ်အောင် ပြုလုပ်နေမှုများကြောင့်ဟု ၎င်း၏ အီးမေးလ်တွင် ဖေါ်ပြထားခဲ့သည်။ ထရန့်အစိုးရ၏ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိခြင်းကိုလည်း ပြစ်တင်ဝေဖန်လိုက်သည်။
လှစိုးဝေ

No comments:

Post a Comment