Latest News

Wednesday, December 20, 2017

နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော်မွေးနေ့အကြိုအဖြစ် လာရောက် ဆုတောင်း မေတ္တာပို့သကြ

နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော်မွေးနေ့အကြိုအဖြစ် လာရောက် ဆုတောင်း မေတ္တာပို့သကြ

နေပြည်တော် ဒီဇင်ဘာ ၂၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် မိသားစုတို့အတွက် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးစောအောင်အောင်လွင် ဦးဆောင်သော အဖွဲ့သည် ယနေ့ညနေ ၅ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော်မွေးနေ့အကြိုအဖြစ် လာရောက် ဆုတောင်း မေတ္တာပို့သကြသည်။

ရှေးဦးစွာ နေပြည်တော်သပြေကုန်းရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများက ခရစ္စမတ် ဓမ္မတေးများ သီဆိုကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြသည်။

ယင်းနောက် သိက္ခာတော်ရဆရာ ဦးစောအောင်အောင်လွင်က  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတနှင့်ဇနီး မိသားစုတို့ အတွက် ဆုတောင်းမေတ္တာပို့သသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် နေပြည်တော်သပြေကုန်းရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး သိက္ခာတော်ရဆရာ ဦးစောအောင် အောင်လွင်က ခရစ္စမတ်လက်ဆောင်ကို ပြန်လည်ပေးအပ်သည်။

Ref; Myanmar President Office

No comments:

Post a Comment