Latest News

Friday, December 29, 2017

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ရရှိလာမည့် အလှူငွေများကို မိဘမဲ့ကျောင်းများသို့ လှူဒါန်းမည်

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲ  ရရှိလာမည့် အလှူငွေများကို မိဘမဲ့ကျောင်းများသို့ လှူဒါန်းမည်

ရန်ကုန်  ဒီဇင်ဘာ  ၂၈

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရာမှ  ရရှိလာမည့် အလှူငွေများကို    မိဘမဲ့ကျောင်းများသို့ လှူဒါန်းမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ သိရသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင်း၌ပင်   ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားအား သရုပ်ဆောင်  ခိုင်နှင်းဝေ ပရဟိတလူငယ်များ အဖွဲ့နှင့်အတူ ပူးပေါင်း ကျင်းပမည်ဖြစ်ပြီး   အနုပညာရှင်များ   လာရောက်ဖျော်ဖြေကြမည်ဖြစ်သည်။ ထို့ပြင် ဈေးရောင်းပွဲတော်များ၊ Kids Show  နှင့် Magic Show များသာမက တိရစ္ဆာန်ကပွဲများလည်း ပါဝင်မည်ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ၁၉ဝ၆ ခုနှစ် ဇန်နဝါရီ၂၅ ရက်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
(MWD)

No comments:

Post a Comment