Latest News

Friday, December 29, 2017

မောင်တောမြို့နယ်၊ မျောချောင်းကျေးရွာ အနီး၌ မြိုတိုင်းရင်းသား တစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံး

မောင်တောမြို့နယ်၊ မျောချောင်းကျေးရွာ အနီး၌ မြိုတိုင်းရင်းသား တစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံး

နေပြည်တော်  ဒီဇင်ဘာ   ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်း(မြို)ကျေးရွာနေ ဦးလောင်းကျော် (ဘ) ဦးထိုးလှိုင် အပါအဝင် မြိုတိုင်းရင်းသား ၁၇ ဦးတို့သည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် ကျေးရွာ၏မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ ဘင်္ဂါလီလူမျိုးအများစု နေထိုင်သည့် မျော ချောင်းကျေးရွာအနီး ပုစွန်ကန်များတွင် ငါး၊ပုစွန်များ သွားရောက်ရှာဖွေခဲ့ပြီး ညနေ ၄နာရီ ၄၅ မိနစ်ခန့်တွင် ဦးလောင်းကျော် တစ်ဦးတည်း ကျေးရွာသို့ပြန်သွားခဲ့သည်။

ဦးလောင်းကျော်သည် ည ၉ နာရီခန့်ထိ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် တရိန်း(ရခိုင်ရွာ) ရဲကင်းစခန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပျောက်ဆုံးနေကြောင်း သတင်းပို့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများ ပူးပေါင်း၍ သွားရောက်ရှာဖွေရာ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် မျောချောင်းကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ လယ်ကွင်း အတွင်း၌ ဦးလောင်းကျော်အား ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသည်။

ဦးလောင်းကျော် သေဆုံးမှုနှင့် ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက် ကြိမ်ချောင်းနယ်မြေ ရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖြစ်စဉ်နေရာ တစ်ဝိုက်အား စုံစမ်းစစ်ဆေးမှုများ   ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Ref; တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး

No comments:

Post a Comment