Latest News

Thursday, December 21, 2017

ဆန်တီယေဂိုမြို့၌ ကလေးဆေးရုံ ဆောက်ရန် စီရော်နယ်ဒို လှူဒါန်း

ဆန်တီယေဂိုမြို့၌ ကလေးဆေးရုံ ဆောက်ရန် စီရော်နယ်ဒို လှူဒါန်း

မက်ဒရစ် ဒီဇင်ဘာ ၂ဝ

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အီတလီစီးပွားရေး လုပ်ငန်းရှင် အလက်ဆန္ဒရို ပရိုတိုနှင့် အတူပူး ပေါင်း၍ ချီလီနိုင်ငံ ဆန်တီယေဂိုမြို့၌ ကလေးဆေးရုံတစ်ရုံ ဆောက်လုပ် လှူဒါန်းမည် ဖြစ်ကြောင်း နယူးယောက် အခြေစိုက် ဥပဒေအကျိုးဆောင် ဘရပ်ဖ်မန်နှင့်အဖွဲ့က အတည်ပြုထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးသည် ဆန်တီယေဂိုမြို့၌ အဆိုပါကလေးဆေးရုံကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် တောင်အမေရိကတိုက်ရှိ တခြားနိုင်ငံများ၌လည်း ကလေးဆေးရုံများ ဆက်လက်ဆောက်လုပ် လှူဒါန်းရန် အစီအစဉ်များ ရှိကြောင်း သိရသည်။

စီရော်နယ်ဒိုသည် Save the Children ၊Unicef နှင့် World Vision စသည့် လူမှုကူညီရေး အဖွဲ့အစည်း များထံ အမြဲတမ်း လှူဒါန်းခဲ့သကဲ့သို့ ၂ဝ၁၁ ခုနှစ်ကလည်း အသင်းဖော်ဟောင်း ကားလို့စ်မာတင်၏သား ဖြစ်သူ သွေးကင်ဆာ ဖြစ်ပွားခြင်းကြောင့် သွေးနှင့် ရိုးတွင်းခြင်ဆီ ဖောက်လဲရန် လှူဒါန်းခဲ့သေးသည်။

ပြီးခဲ့ သည့် ၁ဝ နှစ်ကလည်း မိခင်ဒိုလိုရက်စ် ရင်သားကင်ဆာ ခံစားရခြင်းကြောင့် တက်ရောက် ခွဲစိတ်ကုသခဲ့ သည့်ဆေးရုံကိုလည်း ပေါင် ၁၂ဝဝဝဝ လှူဒါန်း၍ ပရဟိတသမားအဖြစ် ချီးကျူးခြင်းခံခဲ့ရသည်။

Ref: Marca/The Mirror Daily

No comments:

Post a Comment