လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ ပါဝင်သရုပ်ဆောင်ထားသည့်
''ငါ့ကိုနမ်းတဲ့ မုန်တိုင်း''ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသမည်
လူငယ် တေးသံရှင် လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် ဝတ္ထု ညေး၊ ဇာတ်ညွှန်း မိုးနီးလွင်၊ ဒါရိုက်တာအောင် ဇော်လင်း၊ ဝင်းလွင်ထက်တို့ ရိုက်ကူးထားသော ''ငါ့ကိုနမ်းတဲ့ မုန်တိုင်း'' ဇာတ်ကားကြီးကို မကြာမီ ရုံတင်ပြသသွားမည်ဟု သိရသည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင် ဖွေးဖွေး၊ နေအောင်၊ ရဲအောင်၊ မြတ်ကေသီအောင်တို့လည်း ပါဝင်ထားကြသည်။
လွှမ်းပိုင်
''ဒီကားအတွက် စိုးရိမ်စိတ်ဖြစ်မိတာတော့ အမှန်ပဲ၊ ဇာတ်ကားကြီးမှာ အရှိန်အဝါကြီးတဲ့ စီနီယာအနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင် ထားရတာမို့ အဲ့ဒီအပေါ် ကာရိုက်တာလိုက်မမီမှာ ကိုတော့ ကျွန်တော်တို့နှစ်ဦးလုံး စိုးရိမ်စိတ်ရှိနေ တာတော့ အမှန်ပါပဲ၊ ဒီကားကြီးမှာ ပရဟိတစိတ် ထက်သန်တဲ့ သနားစရာကောင်လေးအဖြစ် မြင်တွေ့ရမှာပါ၊ ဒီကားမှာ သူနဲ့ ကျွန်တော်က ထိပ်တိုက်ဆုံတဲ့အခန်းနည်းပါတယ်၊ ကားပါကင်က အခန်းလေးကို အမှတ်တရရှိတယ်၊ ကျွန်တော် ကတော့ အသေငိုလို့ သူကတော့ လုံးဝအတည်ကြီး၊ နောက်တစ်ခါ သူနဲ့ရိုက်ရရင်တော့ ကျောင်းသား အပျော်ကားလေးရိုက်ချင်တယ်''
ရဲရင့်အောင်
''ကျွန်တော် နောက်တစ်ခါကျရင်တော့ ကိုလွှမ်းပိုင်ကို အကျင့်ယုတ်ရတဲ့သူတော့ မဖြစ် ချင်ဘူး (ရယ်လျက်)၊ ဆုံရတဲ့ အခန်းနည်းတော့ ဆုံဖြစ်တဲ့အခန်းတိုင်း မှတ်မှတ်ရရရှိပါတယ်၊ မရိုက်ခင်ကျရင်တော့ ရှုတင်မှာ ပေါက်ကရတွေ လျှောက်ပြောကြ၊ ရယ်ကြ၊ ပြီးရင်တော့ ရိုက်ဖို့ ကာရိုက်တာစိတ်သွင်းကြနဲ့ ပျော်ဖို့ကောင်းပါတယ်၊ ကျွန်တော် ဒီကားမရိုက်ခင်တုန်းကတော့ အရင်က ရိုက်ခဲ့ဖူးတယ်၊ ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ခဲ့ဖူးတယ်၊ ကျွန်တော့်အတွက်ကတော့ သရုပ်ဆောင်ဘက်ကို သိပ်မစိမ်းပါဘူး၊ ဒါပေမယ့် လိုအပ်ချက်အနည်းငယ်တော့ ရှိနေပါတယ်''
ကိုလင်း
Wednesday, December 6, 2017
လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ ပါဝင်သရုပ်ဆောင်ထားသည့် ''ငါ့ကိုနမ်းတဲ့ မုန်တိုင်း''ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသမည်
လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ ပါဝင်သရုပ်ဆောင်ထားသည့် ''ငါ့ကိုနမ်းတဲ့ မုန်တိုင်း''ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသမည်
Reviewed by Ar Ti
on
3:23 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment