မြစ်ကြီးနား(၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ သိမ်းဆည်းရမိ
မြစ်ကြီးနား ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ကြီးနား-မိုးကောင်း ကားလမ်းမပေါ်ရှိ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ၂၀ရက် မွန်းတည့်၁၂နာရီက ဧရာဦးစစ်ဆင်ရေးစီမံချက်ဖြင့် ရှာဖွေစစ်ဆေးရာမှ မော်တော်ယာဉ်၏ ဓာတ်ဆီတိုင်ကီအံဝှက်အတွင်း ထည့်ထားသည့် ကျပ်သိန်းပေါင်း(၁၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ သိမ်းဆည်း ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနား-မိုးကောင်း ကားလမ်းမပေါ်ရှိ (၂၁)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်တာဝန်ခံ ရဲအုပ်တင်မောင်မျိုးနှင့်ပူးပေါင်းအဖွဲ့သည် တာဝန်ထမ်းဆောင်နေချိန်အတွင်း မြစ်ကြီးနားဖက်မှ မိုးကောင်းဖက်သို့ ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်ခမ်းမြို့. အောင်မေတ္တာရပ်ကွက်နေ ရန်လီဆော့(၃၁)နှစ် မောင်းနှင်လာသည့် FORTUNE TOYOTA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ဆီတိုင်ကီအံဝှက်အတွင်းမှ တိတ်အဝါဖြင့်ပတ်ထားသည့် ဘိန်းဆီခဲ(၂၄)ထုတ် အလေးချိန်(၂၅ ဒဿမ ၂၅)ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုးငွေ ကျပ်(၁၀၆၅)သိန်း(ဒေသပေါက်ဈေး ဘိန်းဆီခဲ တစ်ကီလိုလျင် ၄၂ သိန်း)နှင့် မူးယစ်ဆေးဝါး ရောင်း/ဝယ်ရာတွင် အသုံးပြုသော(YGN----)နံပတ်ပါ FORTUNE TOYOTA အမျိးအစား လိုင်စင်အထောက်အထားမဲ့ မော်တော်ယာဉ်(၁)စီး၊YAN LEE SAW အမည်နှင့်ဓာတ်ပုံပါ နယ်စပ်သွားလာခွင့် လက်မှတ်(၁)စောင်၊မောင်ရန် လီဆော့အမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့်ယာဉ်မောင်း လိုင်စင်၊ZTEတံဆိပ်နှင့်VIVOတံဆိပ် ဖုန်းဟမ်းဆက်(၂)လုံးတို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်လီဆော့အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်မာ့အလင်း)
Thursday, December 21, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment