Latest News

Thursday, December 21, 2017

ဆားတောင်မြို့နယ် ညောင်ပင်ရှည်ကျေးရွာ၌ လူသတ်မှုတစ်ခုဖြစ်ပွား

ဆားတောင်မြို့နယ် ညောင်ပင်ရှည်ကျေးရွာ၌  လူသတ်မှုတစ်ခုဖြစ်ပွား

စစ်ကိုင်း ဒီဇင်ဘာ ၂၁

စစ်ကိုင်း တိုင်းဒေသကြီး ဆားတောင်မြို့နယ်တွင်သြဂုတ် ၁၉ ရက်နေ့ကညောင်ပင်ရှည်ကျေးရွာ၌ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပြီး ၄ လကျော်ကြာမှ လူသတ်တရားခံအားဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာတရားလိုဒေါ်ခင်လှိုင်သည်၇ ရက်နေ့  ၇ နာရီခွဲတွင်  နေ
အိမ်၌ ရှိနေစဉ်ညောင်ပင်ရှည်ကျေးရွာတွင်နေထိုင်သည့်အမဖြစ်သူ ဒေါ်လှပိုင်သည် ၎င်းနေထိုင်ရာညောင်ပင်ရှည်ရွာ၏အရှေဘက်ထိပ်ဦးသန်းမြင့်၏ရာခင်းထဲတွင်ဓါးဒဏ်ရာများနှင့်လဲကျနေကြောင်းသိရှိရသဖြင့်သွားရောက်ကြည့်ရှုခဲ့ရာဒေါ်လှပိုင်သည်ရရှိထားသောဒဏ်ရာများဖြင့် ၎င်းနေရာတွင်သေဆုးံနေကြောင်းတွေရှိရသဖြင့် အမဖြစ်သူဒေါ်လှပိုင်အားသေဆုးံအောင် ဓါးဖြင့်ခုတ်သူတရားခံအားစုံစမ်းဖေါ်ထုတ်အရေးယူပေးရန်၁၉ ၈ ၂၀၁၇ ရက်နေတွင်တိုင်တန်းလာခြင်းကြောင့် ဆားတောင်နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့သည့် အမှုဖြစ်ကြောင်း သိရသည် ။

၎င်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျုးလွန်သူဟုယူစရသူဝင်းဆောင်ကို ရဲတပ်ဖွဲ့ဝင်များကသွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၇ ရက်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သပြေသာကျေးရွာတွင် တွေရှိဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးခဲ့ရာမလှပိုင်နှင့် ပတ်သက်မှုမရှိတော့ကြောင်း ငြင်းပယ်ထွက် ဆိုသော်လည်းဒီဇင်ဘာ ၁၃ ရက်ညပိုင်းတွင် သတ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရသိရသည် ။

ပြစ်မှုကျုးလွန်သူ ဝင်းဆောင်ကို စစ်ဆေးရာ၌ အခင်းမဖြစ်မှီတစ်ရက်က
ညောင်ပင်ရှည်ကျေးရွာနေ မလှပိုင်တွေဆုံရန်၎င်းနေထိုင်ရာလအင်းစ
ကျေးရွာမှ ညောင်ပင်ရှည်ကျေးရွာသို့သွားရောက်ခဲ့ကြောင်းထိုသို့တွေဆုံရာတွင်မလှပိုင်က တစ်ယောက်တည်းနေရသဖြင့် အဆင်မပြေ၍ အင်းစကျေးရွာသို့လိုက်မည်ပြောရာဝင်းဆောင်က အင်းစကျေးရွာတွင်မိန်းမရှိနေသဖြင့် မလိုက်ရန်ပြောရာမလှပိုင်က ဆဲဆိုပြီးအတင်းလိုက်မည်ပြောသဖြင့် ဝင်းဆောင်ကပြန်ရန်ထွက်သွားစဉ် အတင်းလိုက်ဆွဲသဖြင့် အသင့်ပါလာသည့် ဓါးမဖြင့်ခုတ်သတ်ခဲ့ပြီး အင်းစကျေးရွာသို့ပြန်ခဲ့ကြောင်း ထိုနောက်ရဲတပ်ဖွဲ့ဝင်များကလိုက်လံရှာဖွေနေသည်ကိုသိရှိ၍ထွက်ပြေးတိမ်းရှောင်နေရာမှ အခုလိုဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည် ။

အမှုနှင့်ပတ်သက်၍  ဝင်းဆောင်ကိုစစ်ကိုင်းမြို့နယ်ဆားတောင်နယ်မြေရဲစခန်းကအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည် ။

ခိုင်ဇေယျ

No comments:

Post a Comment