Latest News

Thursday, December 28, 2017

မိန်းကလေးတစ်ဦးကို လူငယ်၃ဦးက ဆိုင်ကယ်တင်ပြေး ဟုဆို


ပေါင် ဒီဇင်ဘာ ၂၇
ပေါင်မြို့နယ် ထန်းပင်ချောင်လေးကျေးရွာ တာကန်သင်း အောက်လယ်ကွင်းတွင်နေသူ မမြင့်မြင့်အေး (ခ)မစပယ်(ခ)သဲယားဒါးနီး အသက်၁၇နှစ်အား ဒီဇင်ဘာ၂၆ ရက်နေ့ မွန်းလွဲ ၂ နာတွင်အစ်မ၏ လယ်တဲသို့အသွားလမ်းခုလတ်တွင် လူငယ်၃ဦးက ဆိုင်ကယ်ဖြင့်အသင့်စောင့်ဆိုင်းပြီးတင်ပြေးသွားကြောင်း သမီးပျောက်ဆုံးနေသဖြင့် လိုက်ရှာရင်း ဖခင်ဖြစ်သူမှသတင်းရခဲ့ခြင်းဖြစ်ကြောင်း သို့အတွက် မိမိ
၏အုပ်ထိန်းမှုအောက်ကအရွယ်မရောက်သေးသူ သမီးအားဆိုင်ကယ်ဖြင့်တင်ပြေးပြီးခိုးယူသွားကြသူ များဖြစ်သည့်ပေါင်မြို့နယ်ထန်းပင်ချောင်လေးကျေးရွာမှ မုဒူးကား။
ဆလဲပါး။ဘီရူးကုမားလူး တို့ကို အရေးယူပေးရန် မိန်းကလေး၏ ဖခင်ဖြစ်သူ ဦးဘဲလားဆာမိ က ဒီဇင်ဘာ၂၇ ညနေပိုင်းတွင် ပေါင်ရဲစခန်းသို့အမှုလာရောက်တိုင်ကြားနေကြောင်း
တွေ့ရသည် ရဲမှ အုပ်ထိန်းမှုအောက်မှ လူခိုးမှု ဖြစ်သောပုဒ်မ၃၆၃ ဖြင့်အမှုဖွင့်နေသည်ဟုသိရသည်
လောလောဆယ်တွင် ခိုးယူခံရသောမိန်းကလေးနှင့် တရားခံဟုယူဆရသူများသည် မော်လမြိုင်မြို့ အတွင်းရှိနေကြောင်းစုံစမ်းသိရသည်ဟု မိန်းကလေး၏အမ တော်သူ မတင်တင်အေးက ပြောဆိုခဲ့သည်။
Paung Daily

No comments:

Post a Comment