Thursday, December 28, 2017
မောင်းမကန်တောင်ပေါ်လမ်း ကားမှောက်၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
ထားဝယ်မှ မောင်းမကန်ဘက်သို့ အုတ်များသယ်ဆောင်လာသည့် ကားတစီး မောင်းမကန်တောင်ပေါ် ရှုခင်းသာအနီးတွင် တိမ်းမှောက်ရာ ၂ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
လူ ၉ ဦးပါ အုပ်တင်ကားသည် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
ကားမောင်းသူအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့သဖြင့် မောင်းမကန်ဆေးရုံနှင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဇမ္ဗူသီရိအဖွဲ့တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးရာသီ ဖြစ်သောကြောင့် မောင်းမကန်ကမ်းခြေနှင့် မျှော်ရစ်ဘုရားသို့ ဧည့်သည်လာရောက်မှု များသည့်ကာလ ဖြစ်သဖြင့် မောင်းမကန်လမ်းတွင် ယာဉ်အသွားအလာ များလျက်ရှိသည်။
သတင်းနှင့် ဓာတ်ပုံ - မင်းခန့်
Dawei Watch
https://www.facebook.com/DaweiWatch
မောင်းမကန်တောင်ပေါ်လမ်း ကားမှောက်၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
Reviewed by timeayeyar
on
8:34 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment