Latest News

Sunday, December 24, 2017

(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​အနီး အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ

(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​အနီး အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ


မူဆယ်​ဒီဇင်​ဘာ   ၂၄        
   
ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)မူဆယ်​ခရိုင်​မူဆယ်​မြို့နယ်​မိုင်းယု(၁၀၅)ကုန်​သွယ်​​ရေးဇုန်​အနီး၌ဒီဇင်​ဘာ(၂၅)ရက်​နံနက်​(၉)နာရီအချိန်​ခန့်​ အမည်​မသိလက်​နက်​ကိုင်​အဖွဲ့မှ​ထောင်​ထား​သောအ​ဝေးထိန်းမိုင်း (၁)လုံး ​တွေ့ ရှိခဲ့သည်​။

ဖြစ်​စဉ်​မှာမူဆယ်​ခရိုင်​မူဆယ်​မြို့နယ်​မိုင်းယု(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​အနီးပြည်​​ထောင်​စုလမ်းမကြီး​ဘေး ကတ္တား​ဟောင်းအ​ရှေ့ခြုံဖုတ်အတွင်း၌ ဒီဇင်​ဘာ(၂၅)ရက်​နံနက်​(၉)နာရီအချိန်​ခန့်​တွင်​အမည်​မသိလက်​နက်​ကိုင်​အဖွဲ့မှ​ထောင်​ထား​သောအ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိခဲ့သည်​။

အဆိုပါမိုင်း​တွေ့ရှိ့ခဲ့သည့်​​နေရာသို့ တပ်​မ(၈၈)လက်​​အောက်​ခံတပ်​ရင်းခမရ(၄၁၅)မှစစ်​​ကြောင်းမူး ဒုတပ်​ရင်းမူး သိန်းလိုင်​ဦးနှင်​စစ်​​ကြောင်း အဖွဲ့များ၊ ကုန်​သွယ်​​ရေးဇုန်​အတွင်းလုံခြုံ​ရေးတာဝန် ထမ်း​ဆောင်​​နေ​သော(OSS)မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့များ၊နယ်​​မြေခံရဲကင်းမှ တာဝန်​ရှိသူများ။မူဆယ်​သတင်းရဲတပ်​ဖွဲ့များ၊နမ်းခမ်းမြို့မပြည်​သူ့စစ်​အဖွဲ့နှင့်​လုံထန်​ပြည်​သူ့စစ်​အဖွဲ့များ၊မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ရပ်​မိရပ်​ဖများ​ရောက်​ရှိလာပြီး ​ထောင် ထား​သောမိုင်းအားကြည့်​ရူ့ စစ်​​ဆေး ခဲ့ပြီး ​နောက်​ ​ရှေ့တန်းအမှတ်​ခမရ(၄၁၅)တပ်​ရင်းစစ်​​ကြောင်းအဖွဲ့မှတာဝန်​ရှိသူများက မိုင်းကိုသက်​မဲ့ပြု လုပ်​ခဲ့ပြီး​အောင်​မြင်​စွာရှင်းလင်းဖယ်​ရှား​ပေးခဲ့​ကြောင်းသိရသည်​။

              သတင်းဓာတ်​ပုံသန့်​ဇင်​ မူဆယ်​(MMAL)

No comments:

Post a Comment