Latest News

Sunday, December 24, 2017

ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့မှ ဆက်ဖြူရှင်တံတားတွင် လုံခြုံစေရေးအတွက် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိ

ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့မှ ဆက်ဖြူရှင်တံတားတွင် လုံခြုံစေရေးအတွက် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိ

ချောင်းဦး ဒီဇင်ဘာ ၂၄

            ၂၀၁၈-ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်း ၏ လမ်းညွှန် မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့ကို ဆက်သွယ် ပေးထားသည့် ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာ ဆင်ဖြူရှင် တံတားဂိတ်တွင် ဒီဇင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီမှစတင်ပြီး ညနေ ၅ နာရီ မိနစ် ၂၀ အချိန်အထိ အများပြည်သူလုံခြုံစေရေးအတွက် ချောင်းဦး မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူး မြင့်သိန်း ဦးဆောင်သော ပူးဖောင်း အဖွဲ့များဖြင့် ပိတ်ဆို့စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

            ထိုသို့ ပိတ်ဆို့စစ်ဆေးဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်နှင့် ထိစပ်လျက်ရှိသော ဝင်ပေါက်များအား လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ အဖျက်အမှောက်ပြုလိုသူများ ဝင်ရောက်မှုမရှိစေရေးတို့အား အထူး အလေးထားကာ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူး မြင့်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်(၆+၂၀)ဦး၊ မြို့နယ်မီးသတ်နှင့်မြို့နယ် လဝကတို့မှ တာဝန်ရှိသူများ၊တောကျောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပူးပေါင်းပါဝင်သောအဖွဲ့ကမကွေးတိုင်းဒေသကြီးဘက်မှစစ်ကိုင်းတိုင်းဒေသကြီးဘက်သို့ဖြတ်သန်းဝင်ရောက်လျက် ရှိသောမော်တော် ယာဉ်ကြီး(၂၀)စီး၊မော်တော်ယာဉ်ငယ်(၈)စီးနှင့်မော်တော်ဆိုင်ကယ်(၁၆)စီးတို့ကိုပိတ်ဆို့စစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိကြောင်းသတင်းရရှိသည်။

ထွန်းကိုကို(ယင်းမာပင်)

No comments:

Post a Comment