Latest News

Sunday, December 24, 2017

ဖျာပုံငါးဈေးနှင့်မွေးမြူရေးငါးကြင်းဈေးကွက်

ဖျာပုံငါးဈေးနှင့်မွေးမြူရေးငါးကြင်းဈေးကွက်


ဖျာပုံမြို့သည်အခြားဒေသများနှင့်နှိုင်းယှဉ်ပါကငါးပုစွန်နှင့်ရေထွက်ကုန်များပေါများသည့်မြို့တစ်မြို့ဖြစ်သည်။မိုးတွင်းကာလတွင်ရေချိုငါးပုစွန်မျိုးစုံ၊ ပွင့်လင်းရာသီတွင်ပင်လယ်ငါးမျိုးစုံပေါများသည်။ရာသီအလိုက်ငါးပုစွန်များပေါများသည်ဆိုသော်လည်းဈေးကတော့မြင့်မားသည်။

   နွေ၊ မိုး၊ ဆာင်းရာသီမရွေးဈေးနှုန်းသင့်သည့် ငါးကတော့ မွးမြူရေး ငါးကြင်းငါးဖြစ်သည်။ဖျာပုံမြို့နယ်အတွင်းမွေမြူရေးငါးကန်များစွာရှိသည့်
အနက်ငါးကြင်းကိုအများဆုံးမွေးကြကြောင်း။ရန်ကုန်ဈေးကွက်တင်ပို့ပါကသယ်ယူပို့ဆောင်စရိတ်များပြားမှု့တို့ကြောင့်တွက်ခြေမကိုက်ကြောင်းနှင့်ဖျာပုံငါးဈေးကွက်ကိုပင်အဓိကအားထားရောင်းချနေရကြောင်းငါးမွေးမြူသူများထံမှသိရသည်။

ဖျာပုံငါးဈေးကွက်သို့တစ်ရက်လျင်မွေမြူရေးငါကြင်းကုန်ချိန်ပိဿာ၁၅၀၀မှပိဿာ၂၀၀၀အကြားကုန်တက်ကြောင်းlဖျာပုံငါးဈေးအတွင်းငါးကြင်းရောင်းဝယ်နေသူများကပြောသည်။

မွေးမြူရေးငါးကြင်းအများဆုံးဝယ်ယူပြီးဖျာပုံလက်ကားပြန်လည်ရောင်းချနေသူဒေါ်အုန်းမြင့်ကဝယ်ဈေးငါးတစ်ပိဿာကျပ်၂၅၀၀မှကျပ်၂၈၀၀နှင့်လက်လီပြန်လည်ရောင်းချသူတို့ကတော့ငါးတစ်ပိဿာကျပ်၃၀၀၀မှကျပ်၃၂၀၀အတွင်းရောင်းချနေကြကြောင်းပြောသည်။

   အခြားစားသောက်ကုန်ငါးပုစွန်နှင့်အသားများထက်အမြဲတမ်းဈေးနိမ့်နေသဖြင့်မွေးမြူရေးငါးကြင်းကိုအခြေခံနှင့်အလယ်အလတ်လူတန်းစားများအဓိကဝယ်ယူစားသောက်နေကြကြောင်းငါးရောင်းနေသူများကပြောသည်။

   မွေမြူရေးငါးကြင်းင်းကိုယခုအခါဆီပြန်ချက်အကြော်ပြုလုပ်စားသုံးရုံတွင် မကမုန့်ဟင်းခါးရည်ဟင်းရည်ချက်ရာတွင်လည်းကောင်းlငါးချစ်ပြုလုပ်ပြီးတစ်ပိဿာကျပ်၁၂၀၀၀ဖြင့်ရောင်းချခြင်းlငါးဖယ်ချစ်ဖြင့်ရောနှောရောင်းချ့ခြင်းတို့ဖြင့်ဈေးကွက်တွင်ကျယ်လျက်ရှိနေကြောင်းဖျာပုံငါးဈေးမှစုံစမ်းသိရသည်။

ပြည်ပနိုင်ငံများသို့မွေးမြူရေးငါးများတင်ပို့ရာတွင်လည်းမြန်မာနိုင်ငံမှမွေးမြူရေးငါးကြင်းငါးများသည်ဈေးကွက်ကျယ်ပြန့်လျက်ရှိပြီးအများဆုံးတင်ပို့နေရသောမွေးမြူရေးငါးဖြစ်သည့်အတွက်အခြားမွေးမြူရေးငါးများနှင့်နှိုင်းယှဉ်ပါကပြည်တွင်းပြည်ပငါးဈေးကွက်တွင်ဈေးကွက်ခိုင်မာလျက်ရှိနေကြောင်းသိရသည်။          အောင်ဝင်း - ဖျာပုံ(MMAL)

No comments:

Post a Comment