Monday, December 25, 2017
ရန်ကုန် မြို့တော် ရေပေးဝေးနိုင်ရေး ဒေါ်လာ ၉၂ သန်းတန် စီမံချက် စပြီ
အဆိုပါ စီမံချက် အား တာဝန်ယူ အကောင်အထည်ဖေါ်မည့် ကုမ္ပဏီကတော့ ဂျပန်အကြီးစား စက်မှု လုပ်ငန်း ဖြစ်တဲ့ ကူဘိုတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ၏ ဖွံဖြိုးလာနေသော စီးပွားရေးနှင့်အတူ နောက်ပိုင်းတွင် စက်မှုလုပ်ငန်းများနှင့်
မြို့နေလူထု၏ ရေလိုအပ်ချက်က တိုးမြှင့်လာတော့မည်လည်း ဖြစ်ပါတယ်။
ထို့ အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီမှ ရေအား ဖြန့်ဝေရေးစတေရှင်များ၊ ရေလှောင်ကန်များ။ ရေသန့်စက်ရုံ များ၊ ပိုးသတ်စက်ရုံများနှင့် ရေပိုက်လိုင်းများ တည်ဆောက်ရေးအတွက် ကူဘိုတာ ကုမ္ပဏီအား အမေရိကန် ဒေါ်လာ ၉၂ သန်းတန် စီမံချက်ကို အကောင်အထည်ဖေါ်ရန် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ လုပ်ငန်း စီမံချက်အတွက် ဂျပန်အစိုးရမှ အတိုးနှုန်ုး သက်သာစွာဖြင့် ငွေချေးငှားပေးခဲ့ပါတယ်။ကူဘိုတာ မှ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကိုရီယားမှ Posco ကုမ္ပဏီနှင့်အတူလုပ်ကိုင်သွားမှာ ဖြစ်ပြီး နှစ် နှစ် ခွဲ နဲ့ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ရေပိုက်လိုင်းများအား သီလ၀ါ စက်မှုဇုံ မှ ရန်ကုန်မြို့ အနှံ ဆက်သွယ်ပေးမှာဖြစ်ပြီး အရှည်အားဖြင့် ၄၅ ကီလိုမီတာ အထိ ရှိမယ်လို့လည်း သိရပါတယ်။ရန်ကုန်မြို့နေ လူထု အတွက် ရေသန့်ရရှိနိုင်ရေးအပြင် သီလ၀ါ စက်မှုဇုံ အတွက် လည်းရေသန့် ရရှိနိုင်ဖို့ အထူးလိုအပ်နေတာကြောင့် အခုလို လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
က္ဈမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ ရန်ကုန်မြို့နေလူထုရဲ့ ၃၇% သာ ပိုက်လိုင်းမှ ရေရရှိနေတယ်လို့ သိရပါတယ်။ယခုလ စောစောပိုင်းက ရန်ကုန်တွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ် ရေအရင်းအမြစ်ဆိုင်ရာညီလာခံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်ုးစုကြည်မှလည်း စီးပွားရေးနှင့် စက်မှု ဇုံများ ရေလိုအပ်ချက် များပြားလာဖွယ် ရှိတာကို ဦးစားပေး လမ်းညွန်ပြောသွားခဲ့ပြန်ပါတယ်။
လှစိုးဝေ
ကိုးကား။ ။ The Japan Times
ရန်ကုန် မြို့တော် ရေပေးဝေးနိုင်ရေး ဒေါ်လာ ၉၂ သန်းတန် စီမံချက် စပြီ
Reviewed by timeayeyar
on
8:32 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment