Latest News

Friday, December 8, 2017

သတင်းထောက် နှင့်အစိုးရ


ဖေ့စ်ဘုတ်မှဆိုပြီးထည့်ခွင့်ရချင်သား
အာဏာရသွားတဲ့ နိုင်ငံရေးသမားဆိုတာမန်းဝန်ချုပ်ပုံကိစ္စ အစက ထပ်မပြောတော့ဘူးလို့ နေမလို့ပါပဲ။
ကိုယ်တင်လိုက်တဲ့ပုံကိုရှယ်ကြတာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့တွေ့ရတယ်။ ဒါကတော့ ရှယ်တဲ့သူရဲ့အထင်အမြင်သုံးသပ်ချက်တွေနဲ့ ပေါ့။လိုရာဆွဲရေးတာတွေတော့ ကိုယ်လည်း မနှစ်မြို့ပါဘူး။ သတင်းထောက်သက်တမ်းဆယ်နှစ်နဲ့ ဒီအစိုးရသက်တမ်း၂ နစ်ကာလမှာ သတင်းထောက်တွေအနေနဲ့အရေထူလာပါပြီ။
ဘာလို့လဲဆိုတော့ မဲဆွယ်ကာလကမီဒီယာတွေပေါ်ဆက်ဆံတာနဲ့ အစိုးရဖြစ်ပြီး ဆက်ဆံရေးကွာသွားလို့ မခံချိမခံသာဖြစ်ခဲ့ရတဲ့အကြောင်း မန်းမီဒီယာလောကမှာ ပွက်လောရိုက်သွားသေးတယ်။ အဲတုန်းက ကိုယ့်ဆရာသမားကခေါ်ဆုံးမတယ်။ သမီးတဲ့ အစိုးရမဖြစ်ခင်နဲ့ဖြစ်ပီးဆက်ဆံရေး ဘာတွေခံစားနေတာလဲတဲ့။
ညီးသတင်းထောက်မဟုတ်ဘူးလားတဲ့။

သတင်းထောက်လုပ်နေသမျှ အစိုးရအဆက်ဆက်တွေ့ရမှာပဲတဲ့။ အစိုးရဆိုတာ သူ့အာဘော်ဖော်ပြတဲ့မီဒီယာပဲဖြေချင်မှာပဲ။
ညီးတို့ပုဂ္ဂလိကမီဒီယာကိုမဖြေချင်မဖြေဘူး။
မဖြေတော့ရော ဘာဖြစ်လဲ။သူမဖြေလို့သတင်းမရတော့ဘူးလား။ တခြားဘက်ကကြိုးစားရေးရမှာပေါ့တဲ့။
မှတ်ထားတဲ့ ဘယ်အစိုးရတက်တက် ကိုယ့်အစိုးရလို့မှတ်တဲ့စိတ်မထားနဲ့။ အစိုးရဆိုတာ အစိုးရလိုပဲ ကျင့်မှာပဲတဲ့။အဲထဲက ဝန်ကြီးချုပ်ဖြေခြင်းမဖြေခြင်းနဲ့ပတ်သက်ပြီး ဖီလင်မရှိတော့ဘဲ ကိုယ့်အလုပ်ကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဖို့စိတ်ထားလိုက်တော့တယ်တယ်။
တကယ်လည်း ဝန်ကြီးချုပ်မဖြေလည်း တခြားအမတ်တွေ ဝန်ကြီးတွေဖြေကြသလို အလုပ်လည်းလုပ်ကြတာမို့ သူ့ဟာသူ လည်ပတ်နေတာပါပဲ။

မှတ်မိပါသေးတယ်
အစိုးရအကူးအပြောင်း အစိုးရရုံးအပ်နှံဖို့မှာ အရင်ဝန်ကြီးချုပ်က မလွှဲဘဲ ဒီတိုင်းထားခဲ့ကြောင်း မီဒီယာတွေကို ပြောပြချင်လွန်းလို့ ခုဝန်ကြီးချုပ်ကိုယ်တိုင် လွှတ်တော်ပေါက်ကနေ စောင့်ဖြေကြားခဲ့ပါတယ်။
နောက်တစ်ခု ရက်တစ်ရာစီမံချက် မြို့တော်စည်ပင်က ကျူးတွေဖျက်တဲ့ခါ မင်းတို့မဲပေးခဲ့တဲ့အစိုးရက ဖျက်ခိုင်းလို့ဆိုပြီး အောက်ခြေအရာရှိကပြောလို့တဲ့
ပြည်သူတွေသိအောင်ရှင်းပြပေးပါတဲ့။ အဲအရာရှိကိုလည်း အရေးယူမယ်ဆိုတဲ့ကြောင်း မီဒီယာတွေကို သူ့အခန်းထဲခေါ်ပြီး ရှင်းခဲ့ပါတယ်။

ဆိုလိုချင်တာက နိုင်ငံရေးသမားတွေဟာ သိပ်လည်ပါတယ်။ နပ်ပါတယ်။ တော်ပါတယ်။ သူတို့အတွက်လိုအပ်တဲ့အခါ ကောင်းကောင်းအသုံးချတတ်ပါတယ်။ ပညာတတ်ပါတယ်။
လူထုကိုစည်းရုံးနိုင်ခဲ့တဲ့ နိုင်ငံရေးသမားပီပီ ခင်ဗျားတို့ ကျနော်တို့တွေဆိုတဲ့ နှုတ်ချိုချိုလေးနဲ့ ပြောတတ်တာလေးကို ကျနော်တို့ကိုယ်တိုင်တောင် ငေးကြည့်နားထောင်ခဲ့ရတာပါ။

ဟော သူတို့များ မပြောချင်တော့တဲ့ခါများ လွှတ်တော်မှာ ထိုင်ခုံကထအထွက်ထဲက "ဆရာ သမ္မတက ဆရာဖြစ်မယ်လို့ကြားနေပါတယ်။ ကျနော်မအားပါဘူးခင်ဗျာ။ ရပါတယ် လမ်းလျှောက်ရင်းပဲပြောပေးပါ။
နင်တို့ကို ငါမပြောနိုင်ဘူးလို့ ပြောပြီးပြီလေ" ဆိုတဲ့ စကားကြားတဲ့နောက် ကျနော်အရမ်းရှက်သွားပါတယ်။ ဒါကြောင့် ဆက်မလိုက်တော့ဘဲ မိတ်ဆွေမီဒီယာသမားတွေမေးတာကိုပဲ ရပ်ကြည့်ရင်း ဓါတ်ပုံရိုက်ခဲ့တာပါ။
ဆိုလိုချင်တာက မသိသေးပါဘူး။ ဖြေလို့မရသေးပါဘူးဆိုရင်ကို လက်ခံနိုင်ပါတယ်။ အခုက ဆက်ဆံတဲ့မျက်နှာပေး၊ ဖြေတဲ့အသံက ပညာတတ်သိပ်ပီသလွန်းပါတယ်။

အခမ်းအနားတခုမှာ လူရာကျော်ထက်မနည်းရှိတဲ့နေရာမှာ ခုလို လက်တခါခါနဲ့ မတူသလိုမတန်သလိုဆက်ဆံသွားတာမျိုးက ခု တကြိမ်ထဲမဟုတ်ပါဘူး။ ကြုံဖူးသူတွေ သိကြပါတယ်။
ကျနော်တို့မန်းလေးဆိုတာ အဝန်းဝိုင်းကျဉ်းပြီး မိသားစုသဘောမျိုးချစ်ခင်နေကြတာမို့ မေ့လွယ်ပျောက်လွယ်ပါ။ မော်ဒန်ကခေမဏီဆိုရင် သူဆိုရင် အရမ်းဇွဲကောင်းတယ်။ ပထမတစ်ခါမြေယာကိစ္စမေးဖို့ သူနဲ့အတူတူ ဝန်ကြီးချုပ်ဆီသွားတယ်။ လက်တခါခါနဲ့ ဆင်းပြေးသွားလို့ ကျနော်ရှက်ပြီး အဲတုန်းကလည်း ထပ်မလိုက်ဘူး သူပဲလိုက်သွားတာ။ ဘေးကလူတွေကကြည့်နေတော့ ကျနော်အရမ်းရှက်ပါတယ်။သူကတော့ ကားနားထိ လိုက်သွားပီးမေးရှာတာ။

ဆိုလိုချင်တာက သူဖြေချင်တဲ့ခါ ပြောစရာများရှိတဲ့ခါဆိုရင်တော့ မျက်နှာပေးရော လေသံရော ဆက်ဆံရေးရော အရမ်းကောင်းမွန်ပါတယ်။ မဖြေချင်တဲ့ခါ ပြုမူပုံလေးကလည်း ချီးကျူးစရာပါ။ တကယ်အတုယူစရာပါ။ နောက်လည်း ပြောစရာရှိရင်သူပြောအုံးမှာပါ။
အဲကျလည်း ကျနော်တို့သတင်းထောက်တွေ ရေးရအုံးမှာပါ။
ဟော နောက်ထပ်လိုအပ်တဲ့ခါလည်း မေးရအုံးမှာပါပဲ။
မဖြေတာကလည်း သူ့အခွင့်အရေးပါပဲ။ သတင်းထောက်ကိုး။ ကိုယ့်အလုပ်ကို ပရော်ဖက်ရှင်နယ်ကျ ရပ်တည်နေသမျှ ဒါတွေကို လက်ခံနိုင်ရပါတယ်။
ခုလိုတွေဖြစ်လို့ လွှတ်တော်ကို TV ကနေသတင်းယူခိုင်းလည်း ရပါတယ်။ သူတို့လုပ်ပိုင်ခွင့်၊ သူတို့သဘောထားပါ။ သတင်းသမားက သတင်းရှိတဲ့နေရာ လာရမှာပါပဲ။ တကယ်ပါ အသံဖိုင်လေးတော့ရှိပါတယ်
- ယဉ်မျိုးသွယ်
ကျော်ကြီး (MDY)

No comments:

Post a Comment