Latest News

Tuesday, December 19, 2017

ကလပ်ကမ္ဘာ့ဖလားဆုရ ရီးယဲလ်ကို ဂုဏ်ပြုသင့်ဟု စီရော်နယ်ဒိုပြောမှု ဘာစီလိုနာ အသင်းပယ်ချ

ကလပ်ကမ္ဘာ့ဖလားဆုရ ရီးယဲလ်ကို ဂုဏ်ပြုသင့်ဟု စီရော်နယ်ဒိုပြောမှု ဘာစီလိုနာ အသင်းပယ်ချ

ဘာစီလိုနာ ဒီဇင်ဘာ ၁၈

ရီးယဲလ်အသင်းသည် ဒီဇင်ဘာ ၁၆ ရက်က ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဘရာဇီးကလပ် ဂရီမီယို ကို စီရော်နယ်ဒိုသွင်းယူသည့် ဖရီးကစ်သွင်းဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရကာ ထိုဖလားကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခြင်းကြောင့် ဒီဇင်ဘာ ၂၃ ရက် ဘာနေဗျူးကွင်း၌ ကစားရမည့် ဘာစီလိုနာနှင့် အယ်လ်ကလက်စီကို ပွဲစဉ်၌ ဘာစီလိုနာအသင်းသားများ ကွင်းအတွင်း အဝင်တွင် မိမိတို့အား နှစ်ဖက်ခြံရံ၍ လက်ခုပ်တီး ဂုဏ်ပြုသင့်ကြောင်း ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုကပြောရာ ဘာစီလိုနာဘက်မှ ခါးခါးသီးသီး ငြင်းဆိုပယ်ချသွားသည်။

စီရော်နယ်ဒိုက ''ဘာစီလိုနာအနေနဲ့ပွဲမှာ ကျွန်တော်တို့ကို ဂုဏ်ပြုကြိုဆိုမယ်ဆိုရင် သိပ်ကောင်းမှာပဲ'' ဟု ပြောရာ ဘာစီလိုနာအသင်း ဒါရိုက်တာ ဂိုင်လာမိုအေမော်က ''ကျွန်တော်တို့ဘက်က ပြတ်ပြတ်သားသား ပြောချင်တယ်။ ကိုယ်ပါဝင် ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ ပြိုင်ဘက်က ဗိုလ်စွဲတာမျိုးမှသာ ဝန်းရံဂုဏ်ပြုပေးနိုင်မယ်''ဟု တုံ့ပြန်သည်။

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တိုက်ကြီးများအလိုက် ချန်ပီယံအသင်းများနှင့် အိမ်ရှင်အသင်းတို့ ယှဉ်ပြိုင်ရသည့် ပွဲဖြစ်ေ သာကြောင့် ယခုနှစ်တွင် ဥရောပတိုက် ကိုယ်စားပြု ချန်ပီယံလိဂ်ဖလားရ သော ရီးယဲလ်သာ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကလည်း ကလပ်ကမ္ဘာ့ ဖလား ဆုရခြင်းကြောင့် ရီးယဲလ်ကို ဝန်းရံဂုဏ်ပြုရန် စိတ်ကူးပင် မရှိကြောင်း ပြောသည်။(MWD)

No comments:

Post a Comment