သာယာလှပသည့် ချောင်းသာ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွင် လည်ပတ်သူများဖြင့် စည်ကား
ချောင်းသာ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ချောင်းသာမြို့ရှိ ချောင်းသာ ပင်လယ်ကမ်းခြေသည် မြန်မာပြည်ရှိ အပန်းဖြေစခန်းများထဲတွင် ကျော်ကြား မှုရှိသော ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သည်။
ထိုကမ်းခြေဒေသသည် နယ်မြေ အေးချမ်းခြင်း၊ ကမ်းခြေသာယာလှပခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း တို့ကြောင့် အပန်းဖြေသူတို့ အကြိုက် အတွေ့ဆုံး ကမ်းခြေလည်းဖြစ်သည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများ အမြဲမပြတ် လာရောက်အပန်းဖြေရာ ဒေသဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ဖြည့်တင်းပေးနိုင်ပြီး ဒေသခံ ရွာသူ ရွာသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ရရှိနေသော ဒေသဖြစ် သည်။
ချောင်းသာကမ်းခြေတွင် အလှ ကမ်းခြေမိုင်အရှည် နှစ်မိုင်ခန့်ရှိပြီး လာမည့် ၂ဝ၁၈ ခုနှစ်ဆိုလျှင် သက်တမ်း ၃၈ နှစ် ရှိတော့မည်ဖြစ်ကြောင်း သိရ သည်။
ကမ်းခြေတွင် ယခုအခါ လိုင်စင် ရရှိပြီး ဟိုတယ်နှင့် တည်းခိုခန်း ၂၈ ခု ရှိသော်လည်း လိုင်စင်မရရှိသေး သည့် ဆောက်လုပ်ပြီး ဟိုတယ်နှင့် တည်းခိုခန်း ၂၈ ခန်းခန့်နှင့် ပေါင်းလျှင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၅ဝ ကျော် ရှိသည်။ နှစ်စဉ် အောက်တိုဘာလမှ မေလအထိ အထူးစည်ကားလျက်ရှိသော ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ် သည်။
ကမ်းခြေသာယာရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီကို အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာများ၊ ကမ်းခြေရှိြွဥ အဖွဲ့များ၊ ဟိုတယ်နှင့် တည်းခို ခန်းပိုင်ရှင်များ ပါဝင်ဖွဲ့စည်းထားပြီး လာရောက်အပန်းဖြေ အနားယူလျက် ရှိသော ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်အနှောင့်အယှက် မဖြစ်စေရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် ကမ်းခြေ သာယာလှပရေးတို့အတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရမ်း-စိုးမြင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment