Latest News

Tuesday, December 19, 2017

ရှားပါးမျိုးစိတ်စာရင်းဝင် ကသာမြို့နယ်အနီး တွင် ဧရာဝလင်းပိုင် တစ်ကောင်သေဆုံး

ရှားပါးမျိုးစိတ်စာရင်းဝင် ကသာမြို့နယ်အနီး
တွင် ဧရာဝလင်းပိုင် တစ်ကောင်သေဆုံး

ရှားပါးမျိုးစိတ်စာရင်းဝင် ကသာမြို့နယ်အနီး
တွင် ဧရာဝလင်းပိုင် အမတစ်ကောင် ဒီဇင်ဘာ
လ ၁၇ ရက်နေ့ နံက်ပိုင်တွင် လင်းပိုင်းတစ်
ကောင် ဗိုက်ပေါက်သေဆုံးနေကြောင်း
သတင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ကသာမြို့ နယ်၊ကျောက်ပုံကျေးရွာအနီးဧရာဝတီမြစ်ကမ်း
စပ်တွင်၊အလျား(၇)ပေ(၆)လက်မလုံးပတ်(၄)
ပေ၊ကျော် ရှိသော၊လင်းပိုင်မ တစ်ကောင်
အားရင်ခွဲထားလျှက်သေဆုံးနေကြောင်းတွေ့ ရှိရသည်။
ဧရာဝတီမြစ်အတွင်း မနက်ပိုင်းတွင် ငါးဖမ်းလုပ်
သားတစ်ဦးမှ ပိုက်လှေမျောစဉ် ဝမ်းဗိုက်ပေါက်
၍ မျောနေကြောင်းတွေ့ရှိသဖြင့် ကမ်းစမ်းသို့
ဆယ်ယူပေးခဲ့သည့်ဟု ကသာမြို့နယ်ကျောက်ပုံ
ကျေးရွာနေသူ တစ်ဦးမှပြောပြခဲ့သည်။
ထိုနောက် ကသာခရိုင်/မြို့ နယ် ငါးလုပ်ငန်းဦးစီး
ဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့
စစ်ဆေးကြလျှက် မြေမြုပ်နှံထား၍ နေရာသတ်
မှတ်ထားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့်
ကျောက်ပုံကျေးရွာမှဒေသခံများဝိုင်းဝန်းကူညီ
ဆောင်ရွက်ပေးကြသည်ဟု သတင်းသိရသည်။

ငွေအိုး(ကသာ)

No comments:

Post a Comment