Latest News

Tuesday, December 26, 2017

ဆိပ်ဖြူမြို့နယ်၌ ခရီးသည်ယာဉ် ဒိုင်နာတစ်စီးတိမ်းမှောက်မှုဖြစ်ပွား

ဆိပ်ဖြူမြို့နယ်၌ ခရီးသည်ယာဉ် ဒိုင်နာတစ်စီးတိမ်းမှောက်မှုဖြစ်ပွား

 မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်  ဆိပ်ဖြူ- ဆော-ကန်ပက်လက် ကားလမ်း မိုင်တိုင်အမှတ် ၅မိုင် ၇ဖာလုံ မြေကြမ်တော ကျေးရွာအနီး၌ ဒီဇင်ဘာလ ၂၆ရက်နေ့မနက် ၁၀နာရီခွဲအချိန်က ခရီးသည်တင် ဒိုင်နာတစ်စီး တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆောဘက်မှ ဆိပ်ဖြူမြို့ဘက်သို့မောင်းနှင်လာသည့်ယာဉ်မောင်း ဖိုးကျော် (အသက်) ၃၉ နှစ်၊ ချောက်မြို့ နေသူ နံ့သာရောင် ခရီးသည်တင်ဒိုင်နာ 7A / ---- သည်   ဆိပ်ဖြူ- ဆော -ကန်ပက်လက် ကားလမ်း မိုင်တိုင်အမှတ် ၅မိုင် ၇ဖာလုံ မြေကြမ်တောကျေးရွာအနီး၌ တိမ်းမှောက်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၏ သတင်းပေးပို့ချက်အရ ဆိပ်ဖြူမြိုနယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှ ဒုရဲအုပ်ထွန်းအောင်ကျော်နှင့် ယာဉ်စည်ကမ်းထိန်းသိမ်းရေးတပ်ဖွဲ့မှ တပ်ကြပ် ဇာနည်ဝင်းမင်းနှင့် တပ်ဖွဲ့ဝင်များ သွားရောက်၍ လူမှုရေး အသင်းအဖွဲ့မှ မော်တော် ယာဉ်များဖြင့် ထိခိုက်ဒဏ်ရရှိသူများအား မြို့နယ်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ယာဉ်တိမ်းမှောက်ရသည့် အကြောင်း အရင်းများအားစစ်ဆေးဆောင်ရွက်ခဲ့ရာ အရှိန်မထိန်းနိုင်ပဲ လမ်းယာဘက် ကမ်းပါးစောင်းတိုက်မိရာမှ လမ်းဝဲဘက်သို့တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်များ ဆောင်ရွက်ပေး လျှက်ရှိပြီး ခရီးသည်သေဆုံးမှု မရှိကြောင်း၊ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍  ဆိပ်ဖြူမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
                                                                                                       
     စိုးလင်းနိုင်(IPRD)

No comments:

Post a Comment