Latest News

Tuesday, December 26, 2017

စစ်​​ဘေး​ရှောင်​စခန်း​နေပြည်​သူ ၅၀၀၀ ​ကျော်​စာနပ်​ရိက္ခာများ အခက်​ခဲ​တွေ့​နေ

စစ်​​ဘေး​ရှောင်​စခန်း​နေပြည်​သူ ၅၀၀၀ ​ကျော်​စာနပ်​ရိက္ခာများ
အခက်​ခဲ​တွေ့​နေ


လှိုင်​ဘွဲ့ ၊ ဒီဇင်​ဘာ ၂၆

မြိုင်​ကြီးငူအထူး​ဒေသတွင်​ဖွင့်​လှစ်​ထာရှိ​သော မြတ်​ပန်းဝတ်​မှုံ စစ်​​ဘေး​ရှောင်​စခန်းနှင့်​အေးလင်းမြရှင်းစစ်​​ဘေး​ရှောင်​စခန်းနှစ်​ခုတွင်​​ နထိုင်​​သော ပြည်​သူ ၅၀၀၀ ​ကျော်​မှစာနပ်​ရိက္ခာများအခက်​အခဲများနှင့်​ကြုံ​တွေ့နေရတယ်​လို အဆိုပါစစ်​​ရှောင်​စခန်းနှစ်​ခုတာဝန်​ခံ ဦးထွန်းက​ပြောသည်​။

ဒီစခန်းနှစ်​ခုကိုဖွင့်​လာတာနှစ်​နှစ်​ပြည့်​​တော့မယ်​ စဖွင့်​တဲ့အချိန်​က​တော့ ဆန်းနဲအသုံးအဆောင်​ပစ္စည်း​တွေရ​တော်​အရမ်းအဆင်​​ပြေတယ်​​နောက်​ပိုင်း အလှူရှင်း​တွေကနည်းလာတယ်​ခုဆို​နေစဉ်​ချက်​စာဖိုအတွက်​ဆန်​​တောင်​အလုံအ​လောက်​မရှိ​တော့ဘူးဒီအ​တောအတွင်းမှ အလှူရှင်​​ တွေ့က​နေလာပြီး​တော့​ပေးတဲ့ဆန်​နဲချက်​ပြုတ် စား​သောက်​ ​နေရတယ်​ လုံ​လောက်​မှုမရှိတဲ့အတွက်​​ကြောင့်​ စခန်းနှစ်ခုအတွက်​စာနပ်​ရိက္ခာအခက်​အခဲဖစ်​​နေတယ်​လိုယင်​က​ပြောသည်​။

ကရင်​ပြည်​နယ်​မြိုင်​ကြီးငူအထူး​ဒေသတွင်​ဖွင့်​လှစ်​ထားရှိ​သော မြတ်​ပန်းဝတ်​မှုံစစ်​​ဘေးရှောင်​စခန်းတွင်​ အိမ်​​ထောင်​စု(၂၈၁)စု ၊ လူဦး​ရေ (၁၆၈၁) ဦး ၊ ​အေးလင်းမြရှင်​စစ်​​ဘေးရှောင်​စခန်းတွင်​ အိမ်​​ထောင်​စု (၇၂၆)စု ၊ လူဦး​ရေ(၃၈၄၅)ဦးရှိပြီး​နေစဉ်​ချက်​ပြုတ်​စာဖိုအတွက်​ ဆန်​(၂၅)အိပ်​ကုန်​​နေ​ကြောင်းသိရသည်​။

ဒီစစ်​​ရှောင်​စခန်းကို​ရောက်​တာ တစ်​နှစ်ေ ကျာ်​ပြီး စခန်းကချက်​​ကျွေးတဲ့ ထမင်းကိုဘဲစာ​သောက်​​နေရတယ်​ မိသားစုကလည်​ ၈ ​ယောက်​ရှိ​တော့အရမ်းအခက်​အခဲဖြစ်​တယ်​အလုပ်​ကလည်​မရှိ​တော့ ဟင်းဝယ်​စားဖိုအတွက်​​ငွေမရှိ​တော့ မဝယ်​စားဖြစ်​ဘူး ​နေစဉ်​လိုလိုဘဲ ငပိချက်​နဲစာ​နေရတယ်​ အလှုရှင်းပေါ်လာမှ ဟင်းသီးဟင်းရွက်​စာရတယ်​လိုထီသာထရွာမှ မြတ်​ပန်းဝတ်​မှုံစစ်​​ရှောင်​စခန်းသို​ပြောင်း​ရွှေ့နေထိုင်​လာသူ ​ဒေါ်ကြည်​သန်းက​ပြောသည်​။

အဆိုပါစစ်​​ရှောင်​စခန်းနှစ်​ခုကို ၂၀၁၆ ခုနှစ်​ဇွန်​လ ၉ ရက်​​နေ့တွင်​ဖွင့်​လှစ်​ခဲ့ပြီးစတင်​ဖွင့်​လှစ်​သည့်​အချိန်​ကအဆင်​​ပြေ​သော်​လည်း ၂၀၁ ၇ ခုနှစ်​အတွင်းအလှူရှင်များရှားပါး လာသည့်​အတွက်​​ကြောင့်​ဒီနှစ်​အတွင်းနှစ်​ကြိမ်​ဆန်​ပြက်​လက်​မှုများနှင့်​ကြုံ​တွေ့ခဲ့ရပြီးလက်​ရှိအချိန်​တွင်​လည်​ဆန်​လုံ​လောက်​မှု့များ မရှိ​ကြောင်းသိရသည်​။

စခန်းနှစ်​ခုအတွက်​လိုအပ်​တဲ့ဆန်​ကိုလူမှုအဖွဲ့အစည်း​တွေက​နေလို ကသ​လောက်​လာ​ပေးမယ်​လို​ပြောတယ်​ဒါကိုတာဝန်​ရှိတဲ့သူ​တွေကို တင်​ပြတယ်​ ဒီ​နေ့အထိခွင့်​ပြုမ​ပေး​သေဘူးဘဲလိုဘဲဖြစ်​ဖြစ်​ဆန်အလုံ အ​​လောက်မရှိတဲ့အတွက်​​ကြောင်​လာ​ပေးအပ်​မဲ့အဖွဲ့အစည်း​တွေကို ခွင့်​ပြု​ပေး​စေချင်​တယ်​ဆန်​လုံ​လောက်​​အောင်​ရရှိဖိုအတွက်​အလှူရှင်​ကိုဘဲ​မျှော်​​နေ ရတယ်​လို ဒုစခန်းတာဝခံဦး​စောစိန်​ပန်းက​ပြောသည်​။
ဒီမှ​နေရတာအဆင်​မ​ပြေဘူးစာ​ရေ​နေ​ရေအတွက်​အရမ်းအခက်​အခဲဖြစ်​တယ်​ မိသားစုကလည်​ ၈ ​ယောက်​ရှိတယ်​ ​ငွေရမဲ့အလုပ်​ကလည်​မရှိ​တော့ပိုဆိုတာ​ပေါ တစ်​ခါတရံမှ​နေ့စာနဲအလုပ်​လုပ်​ရတယ်​​နေ့စဉ်​မရှိဘူး ထမင်​ကို လည်​ ချက်​​ကျွေးတာကိုဘဲစား​နေရတယ်​ဟင်းဝယ်​စားဖို​ငွေ မရှိ​တော့ ​နေစဉ်​လိုလိုဘဲ ငရုပ်​သီး​ထောင်းနဲဘဲစာ​နေရတယ်​ အရမ်းအခက်​အခဲ​တွေ့တယ်​ ရွာကိုဘဲပြန်​​နေချင်​​တော့တယ်​လို ကျုံ​ထော်​​ကျေးရွာ​မှ ​အေးလင်းမြရှင်​စစ်​​ဘေး​ရှောင်​စခန်းသို​ပြောင်းလာသူ ​ဒေါ်​နော်​မှုက​ပြောသည်​။

ကရင်ပြည်နယ် မဲသဲ​ဝေါ်​ဒေသတွင်​ ၂၀၁၆​​​ခုနှစ်​အတွင်​ တပ်​မ​တော်​နှင့်​ ကရင်​တိုင်းရင်းသားလက်​နပ်​ကိုင်​အဖွဲ့အစည်းများကြားတိုင်​ပွဲများဖြစ်​ပွားမှု​ကြောင့်​ ​ကျေးရွာ ၃၀ ​ကျော်​မှ စစ်​​ရှောင်​စခန်းနှစ် ခုသို ​ပြောင်း​ရွှေ့ ​နေထိုင်​လာကြပြီးယ​နေ့အချိန်​ထိစခန်း​နေပြည်​သူ(၅၆၂၆)ဦး​နေထိုင်​လျှက်​ရှိ​ပြီးစာဝတ်​​နေ​ရေးအတွက်​အလှူရှင်းများ လိုအပ်​လျှက်​ရှိကြောင်​သိရသည်​။

မင်းထွန်း​ဇော်​      မင်းရာဇာ(မြစ်​ကြီးနား)

No comments:

Post a Comment