Latest News

Thursday, December 21, 2017

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရာထူးမှနှုတ်ထွက်လိမ့်မည်

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရာထူးမှနှုတ်ထွက်လိမ့်မည်


စိတ်ပျက်ဖွယ်လူ့အခွင့်အရေး အခြေအနေများလွှမ်းခြုံလာသောကြောင့်ဟုဆို ။ နောက်တစ်ကြိမ်သက် တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ဆန္ဒမရှိဟု ဖော်ပြ။

ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ပြောင်းပြန်ဖြစ်နေသည်မှာ စိုးရိမ်ဖွယ်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး  ဇီအစ်ယာအက်ဟူစိန်ကပြောကြားလိုက်ပြီး ခုခံကာကွယ်ရန်မစွမ်းဆောင်နိုင် သည့်အတွက် သူ၏ဒုတိယအကြိမ်သက်တမ်းတွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ကြောင်း ယနေ့ပြောကြားသည်။

ဘော့စနီးစစ်ပွဲတွင် ကုလသမဂ္ဂအရာရှိတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ သံတမန်ဟောင်း ဂျော်ဒန်မင်းသား ယာအက်ဟူစိန်က သူ၏လုပ်ဖော်ကိုင်ဖက်များထံပေးပို့သည့် နှစ်ဟောင်းကုန်ဆုံးခြင်းအီးမေးလ်တွင် ပထ၀ီနိုင်ငံ ရေးနှင့်ဆက်စပ်လာသည့် မျက်မှောက်အကြောင်းအရာများရိုက်ခတ်ခြင်းဖြင့် သူ၏သိက္ခာရှိသောလွတ်လပ်သည့်အသံမှာ ဒူးထောက်အညံ့ခံရန်မဖြစ်နိုင်သည့်အဆုံး နောက်တစ်ကြိမ်တာဝန်ထမ်းဆောင်ရန်မပြုရန်သာရှိကြောင်း သူ၏ ဆုံးဖြတ်ချက်ကိုရေးသားထားသည်ဆို၏။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး၏ ပြောခွင့်ရပုဂ္ဂိုလ်က ယာအက်ဟူစိန်အနေဖြင့် နောက်တစ်ကြိမ်သက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ဆန္ဒမရှိဟု လွန်ခဲ့သောရက်သတ္တပတ်က အထွေထွေအတွင်းရေးမှုးထံ အကြောင်းကြားခဲ့ကြောင်းအတည်ပြုသည်။

ယာအက်ဟူစိန်အားခေါင်းခဲစေသည့် လတ်တလောပြဿနာများမှာ မူဆလင်နိုင်ငံများခရီးသွားခွင့်ကန့်သတ်ခြင်းအပါအ၀င် ဂျာနယ်လစ်များနှင့် ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရ။ ကရိုင်းမီးယား-ဆီးရီးယားနှင့် ရုရှားအစိုးရ။ ယိုလိမ်ညာလူမျိုးတုန်းသတ်ဖြတ်မှု့သတိပေးချက် မြန်မာနိုင်ငံနှင့် တရုပ်ကျောထောက်နောက်ခံ ၊ ဥရောပသမဂ္ဂက မြေထဲပင်လယ်တွင် ရွှေ့ပြောင်းသွားလာသူများအား ရှာဖွေ- နေရပ်ပြန်ပို့ရန် လစ်ဗျားအား ထောက်ခံအားပေးနေခြင်း အပါအ၀င် မြောက်ကိုရီးယားညူကလီယာအကြပ်အတည်းကြောင့် ပိတ်ဆို့အရေးယူရာ၌ ရှားပါးငတ်မွတ်မှု့၊ ဖိလစ်ပိုင်မူးယစ် ဆေးဝါးတိုက်ဖျက်ရေး လူသေဆုံး မှု့ပြဿနာများဖြစ်သည်။

Htay Oung

No comments:

Post a Comment