Latest News

Thursday, December 21, 2017

လုံခြုံရေးကောင်စီတွင် အမေရိကန်အား ဆန့်ကျင်သည့်နိုင်ငံများအပေါ် ငွေကြေးထောက်ပံ့မှုဖြတ်တောက်ရလိမ့်မည် အမေရိကန်ခြိမ်းခြောက်

လုံခြုံရေးကောင်စီတွင် အမေရိကန်အား ဆန့်ကျင်သည့်နိုင်ငံများအပေါ် ငွေကြေးထောက်ပံ့မှုဖြတ်တောက်ရလိမ့်မည် အမေရိကန်ခြိမ်းခြောက်

ဆန့်ကျင်မဲပေးရန် ဒေါ်လာသန်းပေါင်းများ စွာရယူခဲ့ဟု စွပ်စွဲ။ အမည်နာမများအား မှတ်သားထားရလိမ့်မည်ဟုဆို။ အမေရိကန်အား ဆန့်ကျင်ခြင်းအတွက် ဂရုမစိုက်ဟုဆို။

အမေရိကန်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ်အဖြစ် အသိအမှတ်ပြုခြင်းနှင့် သံရုံးအားပြောင်း ရွေှ့ရုံးစိုက်အား ဆန့်ကျင်ကြောင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီတွင် ၁၄-မဲ ၁-မဲဖြင့် ရလဒ်အပေါ် အမေရိကန်သမ္မတက ယနေ့ဝေဖန်ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံ၏ အမည်နာမဖော်ပြခြင်းမရှိသော်လည်း အဆိုပါဆုံးဖြတ်ချက်အား အမေရိကန်က ( ၆-နှစ်အတွင်း ပထမဆုံးအကြိမ် ) ဗီတိုအာဏာသုံးစွဲပယ်ချခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်အဆိုတင်သွင်းစဉ် အမေရိကန်အားဆန့်ကျင်၍ ထောက်ခံမဲပေးခဲ့ကြသည့် နိုင်ငံများအား ငွေကြေးထောက်ပံ့မှု့ဖြတ်တောက်ရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုသည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် နစ်ကီဟာလေး၏ တွီတာစာမျက်နှာတွင် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန်ဖက်မှ ရပ်တည်ကြလိမ့်မည်ဟု မျှော်လင့်မထား ကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည်သူတို့၏ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်းရေးသားထားသည်ကို တွေ့ရှိရသည်။

အမေရိကန်အား ထိုးနှက်ရန် ဒေါ်လာဘီလျှံနှင့်ချီ၍လည်းဖြစ်နိုင်သော ငွေကြေးသန်းပေါင်းများစွာရယူ့ပြီးနောက် ဆန့်ကျင်မဲပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုအတွက် အမေရိကန်က စောင့်ကြည့်လျှက်ရှိပြီး ထိုသူတို့ ၏ အမည်ကို မှတ်သားထားရလိမ့်မည်ဖြစ်ကြောင်းနှင့်

“ အမေရိကန်ကို ဆန့်ကျင်ကြပါစေ၊ ဂရုမစိုက်ဘူး။ ကျွန်မတို့က အားလုံးအသင့်ပါဘဲ“ ဟု သတင်းထောက်များအား အိမ်ဖြူတော်တွင် ယနေ့ ပြောကြားသည်။

Htay Oung

No comments:

Post a Comment