မော်စကို ဒီဇင်ဘာ ၂၇
ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ သကြားလုံးစက်ရုံတစ်ခုကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးသည့်အပြင် ၎င်းက ဓားစာခံများအဖြစ် လူအများအပြားကို ဖမ်းဆီးခဲ့ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ထုတ်ပြန်သည်။
မော်စကိုမြို့တော် အရှေ့တောင်ဘက်၌ တည်ရှိသည့် Menshevik အမည်ရှိ ယင်းစက်ရုံကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဝန်းရံထားပြီး ဓားစာခံများ လွတ်မြောက်ရေးအတွက် သေနတ် သမားနှင့် ဆက်သွယ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ယင်းသတင်းဌာနက ထုတ်ပြန်သည်။
ပစ်ခတ်မှုအတွင်း နှစ်ဦးဒဏ်ရာ ရရှိကြောင်း အခြားသတင်းဌာနဖြစ်သည့် Interfax သတင်း ဌာနက ထုတ်ပြန်ထားပြီး ကနဦး ထုတ်ပြန်ချက်များအရ သေဆုံးသူမှာ အိုင်လိုဗိုင်စကာယာ လမ်းမရှိ အဆိုပါစက်ရုံမှ လုံခြုံရေးအစောင့်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းသတင်းဌာန ၏ ထုတ်ပြန်ချက်အရ သေနတ်သမားမှာ စက်ရုံပိုင်ရှင်ဟောင်း ဖြစ်ကြောင်း သိရသည်။(MWD)
No comments:
Post a Comment