မန်ချက်စတာ ဒီဇင်ဘာ ၂၇
မန်ယူနည်းပြ မော်ရင်ဟိုက ယမန်နေ့ညက ပွဲစဉ်တွင် ဘန်လေနှင့် နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် မန်စီးတီးကို ကျော်ဖြတ်နိုင်ရန် နောက်ထပ် ငွေကြေးသုံးစွဲပြီးကစားသမားကောင်းများ ခေါ်ယူနိုင်မှဖြစ်မည်ဟု ထုတ်ဖော်ပြောသည်။ မော်ရင်ဟိုသည် မန်ယူကိုနည်းပြသည့် ၁၈ လအတွင်းကစားသမားသစ်များ ခေါ်ယူမှုအတွက်ပေါင် သန်း ၃ဝဝ နီးပါး သုံးစွဲထားပြီးဖြစ်သော်လည်း ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ငါးပွဲကစားခဲ့ရာ၌ ခုနစ်မှတ် ဆုံးရှုံးခဲ့ပြီဖြစ်သည်။ မော်ရင်ဟိုက ''မန်စီးတီးအသင်းကခံစစ်မှူး တစ်ယောက်ကို တိုက်စစ်မှူးတွေအတွက် ပေးရတဲ့ဈေးမျိုးနဲ့ ခေါ်ခဲ့တယ်။
အသင်းကြီးတစ်သင်းအတွက် ကစားသမားတွေခေါ်မယ်ဆိုရင် ပေးရတဲ့ဈေးကလည်းမြင့်လွန်းပါတယ်။ မန်ယူဆိုတာ တခြားအသင်းတွေနဲ့ သမိုင်းကြောင်း မတူဘူး။သမိုင်းကြောင်းကောင်းခဲ့တဲ့ အသင်းကြီးဖြစ်တာကြောင့် ဆုဖလားရကို ရမှဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော့်မှာရှိတဲ့ ကစားသမားအင်အားအရ ချန်ပီယံဆုရဖို့ မလုံလောက်ပါဘူး။ အသင်းသမိုင်းကြောင်းကြောင့်ဈေးကွက်မှာ ပေးရမယ့်ဈေးက မြင့်လွန်းနေမှာပါ။ ကျွန်တော်က အခုအသင်းကိုတည်ဆောက်တာ ဒုတိယရာသီဖြစ်ပါတယ်။
ဒီအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းလည်း မဟုတ်သေးပါဘူး။သမိုင်းနဲ့ယှဉ်ရင် စပါး၊ အာဆင်နယ်၊ချယ်လ်ဆီးစတဲ့အသင်းတွေအတွက်တော့ဖလားရကို ရမှဖြစ်မယ်ဆိုတဲ့ တာဝန်မျိုးမရှိကြပါဘူး။ လက်ရှိ ကျွန်တော့်ကစားသမားတွေ ကြိုးစားမှုနဲ့ စွမ်းဆောင်ရည်ကိုတော့ ကျေနပ်တယ်။ သူတို့ရှိသလောက် အစွမ်းကုန်ကစားပေးကြတာပဲလေ။ ဒီလထဲ အမြင့်ဆုံးရနိုင်မယ့် ၁၅မှတ်ကနေ ခုနစ်မှတ်ဆုံးရှုံးခဲ့တယ်။
နောက်ဆုံးနှစ်ပွဲမှာ ကျွန်တော်တို့ ဂိုးရဖို့အခွင့်အရေး ၁၅ ကြိမ်ရခဲ့တယ်။ အံ့မခန်းဖရီးကစ်ကပေးရတဲ့ ဂိုးအပါအဝင် သုံးဂိုးပေးခဲ့ရတယ်။ ရလဒ်တွေကို မကျေနပ်ပေမယ့်ကစားပုံကို ကျေနပ်တယ်''ဟု ဖွင့်ဟခဲ့သည်။ ဘန်လေ နှင့်ပွဲတွင် လင်ဂတ်၏ နာကျင်အချိန်ပိုတွင် သွင်းသည့်ဂိုးကြောင့်သာသရေကျခဲ့ခြင်းဖြစ် သည်။ Ref:Dailymail/MWD
No comments:
Post a Comment