Latest News

Wednesday, December 13, 2017

စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဖြစ်ရပ်မှန်အခြေပြုဂုဏ်ပြုဇာတ်ကားရိုက်ကူးစဉ်လူစိတ်ဝင်စား

စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဖြစ်ရပ်မှန်အခြေပြုဂုဏ်ပြုဇာတ်ကားရိုက်ကူးစဉ်လူစိတ်ဝင်စား

(၇၃) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုလ ၅ ရက်မှစတင်ကာ ''စစ်ကိုမုန်း၍ တိုက်ခဲ့သည်'' ဇာတ်လမ်းရိုက်ကူးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါဇာတ်လမ်းကို ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့တော်) မှ စီစဉ်ပြီး  နေမင်း၊ ကျော်ထက်အောင်၊ ထူးအောင်၊ ညိုမင်းလွင်၊ ဇင်ဝိုင်း၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ အိချောပို၊ စိုးပြည့်သဇင်၊ သွန်းဆက်၊ ယဉ်လတ်တို့  ပါဝင်သရုပ်ဆောင်ထားကြောင်း  သိရသည်။

''အစ်ကိုတို့ ပြည်ထောင်စုသစ္စာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတုန်းကလည်း စမရိုက်ခင်မှာ ထရိန်နင်အရင်ယူရတယ်၊ အခု စစ်ကိုမုန်း၍တိုက်ခဲ့သည်အတွက် ကလေးတွေ ထရိန်နင်ယူသလိုပေါ့၊ ပြီးတော့ အစ်ကိုက ငယ်ငယ်ကစစ်ဗိုလ်ဖြစ်ချင်တဲ့သူ၊ ဗိုလ်သင်တန်းလည်း လျှောက်ခဲ့တယ်၊ အိမ်ကပြန်ခေါ်လို့ ပြန်လာရတာ၊ အဲဒီစိတ်ကရှိတယ်၊ ပြီးတော့ အစ်ကိုသိတဲ့ တပ်မတော်ဆိုတာ တိုင်းပြည်အတွက်ကာကွယ်တဲ့ တပ်မတော်ပါ၊ အဲဒီစိတ်က အမြဲရှိတယ်။ အချိန်မရွေး လိုအပ်လာရင် ငါတို့က တိုင်းပြည်အတွက် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရယ်မဟုတ်ဘူး တိုင်းပြည်အတွက် ဖြစ်နိုင်ရင် လက်နက်ကိုင်သင့် ကိုင်ရမယ် ရှိတဲ့အားနဲ့ ထောက်ပံ့မယ်ဆိုတဲ့ စိတ်ကရှိပြီးသားမို့ ဒီမာန်က မျက်နှာမှာ အလိုလိုပေါ်တယ်၊ ဆိုလိုတာက တပ်မတော်ကားရိုက်ဖို့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဘာမှမလေ့လာဘဲ ဓာတ်ပုံကြီးပဲ ရိုက်တင်နေလို့က အဆင်မပြေဘူးလေ၊ ပြီးတော့ ဒီဇာတ်လမ်းက နိုင်ငံတော်အတွက်ဂုဏ်ပြုတဲ့ ဇာတ်ကားဆိုတော့ တကယ်ကို သတိကြီးကြီးနဲ့ အမူအရာပိုင်းကအစ သေချာလုပ်ရတာမျိုး၊  ကျွန်တော့်အနေနဲ့ ဒီကားနဲ့ဆို နှစ်ကားရှိပါပြီ  ပထမ ''ပြည်ထောင်စုသစ္စာ'' ဆိုတဲ့  ကားတုန်းကလည်း တပ်မတော်သားတွေရဲ့  ဘဝတွေကို  သေချာလေ့လာပြီးမှ  ရိုက်ခဲ့တယ်၊ အခုလည်း ဒီကားကို သေချာလေ့လာပြီးမှ ရိုက်တာပါ''ဟု ဆိုသည်။

အဆိုပါ ဇာတ်လမ်းသည်  ခြေလျင်တပ်ရင်းတစ်ခုကို သောင်းကျန်းသူများက    ဝိုင်းဝန်းတိုက်ခိုက်စဉ် နောက်ချန်ရဲမေများနှင့်  စစ်သည်များ  ပိတ်မိနေချိန်  အဝေးတစ်နေရာမှ  စစ်ကူအဖြစ်  လာရောက်ကာ၊  အတင်းဝင်  အတင်းတိုက်ပြီး  စစ်သည်ရဲမေများ၏  အသက်ကို  သူ၏  အသက်နှင့်လဲကာ  ကယ်တင် သွားခဲ့သော ဗိုလ်ကြီးပြည့်ဖြိုးစံ စစ်တက္ကသိုလ်  ၅ဝ   ဆင်း၏  အကြောင်းကို  အခြေခံကာ  ရိုက်ကူးထား သော ဇာတ်လမ်းဟု သိရသည်။

ယင်းဇာတ်ကားအား   ရိုက်ကူးလျက်ရှိစဉ် လူမှုကွန်ရက်များတွင်    သရုပ်ဆောင်များ၏ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီး အားပေးသူ အများအပြား ရှိကြောင်း သိရသည်။                                          
ကိုလင်း(MMAL)

No comments:

Post a Comment