ထိုင်းကလပ် ဆာမတ်ဆာခွန်အသင်းနှင့် ကောင်းဆက်နိုင် စာချုပ်
မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ကောင်းဆက်နိုင်သည် ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ဆာခွန်အသင်းနှင့် တစ်ရာသီစာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သည်။ လာမည့်ရာသီတွင် ထိုင်းကလပ်အသင်း များ၌ မြန်မာကစားသမား အများအပြား ကစားခွင့်ရဖွယ်ရှိနေပြီး ပရိသတ်နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် တိုက်စစ်မှူး ကောင်းဆက်နိုင် (ဝဲပုံ) သည် အသင်း ဟောင်း ဆာမတ်ဆာခွန်အသင်းသို့ တစ်ကျော့ပြန် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ကောင်းဆက်နိုင်သည် ၂ဝ၁၅ ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ခြေစွမ်းပြကစား နိုင်ခဲ့သူဖြစ်ပြီး ၂ဝ၁၆ ရာသီတွင် ဆာမတ် ဆာခွန်အသင်းသို့ အငှားပြောင်းရွှေ့ ကစားခဲ့သည်။ ယင်းရာသီတွင် ကောင်း ဆက်နိုင်သည် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရာသီကုန်တွင် မြန်မာ့လက်ရွေးစင်အသင်း ၌ ရွေးချယ်ခံရကာ ၂ဝ၁၆ ဆူဇူကီးဖလား ပြိုင်ပွဲတွင် အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။
ပါဝင်ကစားမည်
ကောင်းဆက်နိုင် သည် ၂ဝ၁၇ ရာသီ တွင် ရန်ကုန်အသင်းတွင် ပြန်လည်ကစား ခဲ့သော်လည်း ဒဏ်ရာပြဿနာများ ကြောင့် ပွဲအများစုလွဲချော်ခဲ့ပြီး ရာသီ ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးကာ အသင်းလက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။ ထိုင်းဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းသစ် ကြောင့် အာဆီယံကစားသမားများမှာ ထိုင်းလိဂ်တွင် ပါဝင်ကစားခွင့်ရလာပြီး လက်ရွေးစင် ကစားသမားများဖြစ်သည့် အောင်သူမှာ Police Teroအသင်း၊ ကျော်ကိုကိုမှာ ချင်းရိုင်ယူနိုက်တက် အသင်းတွင် ပါဝင်ကစားမည်ဖြစ်ကာ မြန်မာကစားသမား အချို့မှာလည်း ထိုင်း အောက်တန်းလိဂ်များတွင် ပါဝင်ကစား မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာဓာတ်ပုံ-စိုးညွန့်(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment