Latest News

Monday, December 11, 2017

နယူးယောက်မြို့လယ် မင်ဟက်တန်မြေအောက်မီးရထားစင်္ကြန် ဗုံးပေါက်ကွဲ၊ မသင်္ကာသူ ဘင်္ဂလားဒေ့ရှ်လူမျိုးအား ဒါဏ်ရာများနှင့် ဖမ်းဆီးရမိ

နယူးယောက်မြို့လယ် မင်ဟက်တန်မြေအောက်မီးရထားစင်္ကြန် ဗုံးပေါက်ကွဲ၊ မသင်္ကာသူ ဘင်္ဂလားဒေ့ရှ်လူမျိုးအား ဒါဏ်ရာများနှင့် ဖမ်းဆီးရမိ

နယူးယောက်မြို့လယ် မင်ဟက်တန်မြေအောက်မီးရထားစင်္ကြန်တွင် ဗုံးပေါက်ကွဲခြင်းကြာင့် လူ ၄-ဦး ဒါဏ်ရာရရှိပြီး တာဝန်ရှိသူများက အခြားစင်္ကြန်ရှိ ခရီး သွားလာနေသူများအား ဘေးကင်းရာသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း နိုင်ငံတကာမီဒီယာများတွင် အရေးကြီး စက်ရပ်သတင်းအဖြစ်ဖော်ပြသည်။

ဒါဏ်ရာရသူများအနက် ၁-ဦးမှာ ဗုံးဖောက်ခွဲသူအဖြစ် သံသယဖြစ်ဖွယ်တွေ့ရပြီး ၄င်းအား သီးခြားထိန်းသိမ်းထားသည်။ ဒါဏ်ရာရသ(ူများအနက် ၁-ဦးမှာ ဗုံးဖောက်ခွဲသူအဖြစ် သံသယဖြစ်ဖွယ်တွေ့ရပြီး ၄င်းအား သီးခြားထိန်းသိမ်းထားသည်။ အသက် ၂၇-နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်လူမျိုး ဗုံးဖောက်ခွဲသူသည်  လွန်ခဲ့သော ၇-နှစ်က အမေရိကန်သို့ ရောက်ရှိနေခဲ့သူဖြစ်သည်ဆို၏။

ယခုပေါက်ကွဲသော ဗုံးမှာ အချိန်မတိုင်မီ ပေါက်ကွဲခြင်းကြောင့် ပြစ်မှု့ကျူးလွန်သူကိုယ်တိုင် ဒါဏ်ရာရရှိသွားခြင်းဖြစ်၍ မပေါက်ကွဲသေးသော အခြားဗုံးတစ်လုံးကို ရဲတပ်ဖွဲ့က အချိန်မီ စံနက်တန်ဖြုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

Htay Oung

No comments:

Post a Comment