Latest News

Thursday, December 28, 2017

မနော သီချင်းကိုလွှတ်တော်မှာသီဆိုခဲ့ တဲ့  လွှတ်တော်အမတ်


မနောရဲ့ အရက် သီချင်းကို ဒီဇင်ဘာလ(၂၈)ရက်နေ့ က ကျင်းပတဲ့  လွှတ်တော်န၀မပုံမှန်အစည်းဝေးမှာ
ကြံခင်းမဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက သီဆိုခဲ့ ပါတယ်။
ဧရာဝတီတိုင်းအတွင်းလိုင်စင်မဲ့ အရက်ဆိုင်များနှင့် စည်းကမ်းနှင့်မညီညွတ်သော အရက်ဆိုင်များကို ဥပဒေနှင့်အညီ အရေးယူရုတ်သိမ်းရေး အဆိုနှင့် ပတ်သက်ပြီးဦးသော်ဇင်ဝင်းက ထောက်ခံဆွေးနွေးရာတွင် 
ထည့်သွင်းသီဆိုခဲ့ တာပါ။
"တစ်ခွက်သောက်တော့ ထူး နှစ်ခွက်သောက်တော့ မူး.. သုံးခွက်သောက်တော့ မြူးမြူး မြုး"ဆိုပြီး အဆိုကို
ထောက်ခံဆွေးနွေးစဉ်မှာ ထည့်သွင်းသီဆိုခဲ့ ပါတယ်။
ဒီလို အရက်သေစာသောက်စားတဲ့ ဓလေ့ စရိုက်တွေက လက်ရှိမြေပြင်တွင် ကြီးစိုးနေပြီး သီချင်းတွေ
ထဲတောင်ပါဝင်နေသည့်အတွက် ဒီအခြေနေတွေကို ပယ်ဖျက်ကာအနာဂတ်တွင် လူစွမ်းအားအရင်းမြစ်တွေကိုထိမ်းသိမ်းဖို့ လိုအပ်ကြောင်းလည်းဆက်ပြောပါတယ်။အဆိုကိုထောက်ခံဆွေးနွေးစဉ်သီချင်းအဖြစ်သီဆိုပြရာမှာတော့ အခြားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ရယ်မောခဲ့ ကြပါတယ်။အဲ့ ဒီနေ့ က အဆိုကိုတော့ အခြားလွှတ်တော်ကိုယ်စား လှယ်တွေကလည်းထောက်ခံဆွေးနွေးကြပြီး လွှတ်တော်ကအတည်ပြုခဲ့ ပါတယ်။
မျိုးမင်းပိုင်

No comments:

Post a Comment