Latest News

Tuesday, December 26, 2017

ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက၏ သက်တော်၅၀နှစ်ပြည့်ရွှေရတုမွေးနေ့ဂုဏ်ပြုလွှာ

ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက၏                           သက်တော်၅၀နှစ်ပြည့်ရွှေရတုမွေးနေ့ဂုဏ်ပြုလွှာ            

      မြန်မာ သက္ကရာဇ် ၁၃၇၉ခုနှစ် ပြာသိုလဆန်း(၁၀) ရက်နေ့ တွင်ကျရောက်မည့် သက်တော် (၅၀)နှစ်ပြည့်  ရွှေရတုမွေးနေ့ရှင် ဆရာတော်သည်  ဖခမည်းတော် ဆရာဦးစိန်ဝင်း (အင်းစိန်GTI) နှင့် မယ်တော် ဆရာမဒေါ်သိန်းသိန်း (အထပြ ) တို့မှဖွားမြင်တော်မူသော ဒုတိယမြောက်သားတော်ဖြစ် ပါသည် ငယ်နာမည်မှာ မောင်ဇော်ဝင်းဖြစ်ပြီး ကျောင်းအပ်နှံသောအခါမှ မောင်ဇော်သိန်းအမည်ဖြင့် တောင်ကြီး အမက တွင်မူလတန်းပညာကိုစတင်
သင်ယူခဲ့ပါသည် ဆရာတော်သည် ငယ်ရွယ်စဉ် စကားစတင်ပြောတတ်သောအရွယ်မှ စတင်၍ "သာသနာ့ဘောင်တွင်ခိုလှုံကာ  ဘုန်းကြီးလုပ်မယ်"ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်မှာ ထူးခြားတော်မူခဲ့ပါသည်
မူလတန်းတွင် စတုတ္တတန်းကိုတောင်ကြီးအမက မှအောင်မြင်ခဲ့ပြီး ဖခမည်းတော် ဆရာ့တာဝန်ဖြင့်ရေနံချောင်းမြို့စက်မှုအထကသို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသဖြင့် ရေနံချောင်းအထက(၁)တွင် ပဉ္စမတန်း မှဒသမတန်းအထိ ပညာသင်ယူခဲ့ရာ အတန်းစဉ် ပထမအဆင့်ဖြင့်အောင်မြင်ခဲ့ပြီး * အဋ္ဌမတန်းလူရည်ချွန် *နဝမတန်းလူရည်ချွန်* ဒသမတန်းလူရည်ချွန်ဆုရှိခဲ့ပြီး *၁၉၈၄ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်
ထူးခြားသည်မှာ ကျူရှင် လုံးဝမယူခဲ့ပါ စာကြည့်စားပွဲတွင် ဓမ္မဗျူဟာစာအုပ်များဦးသုခစာအုပ်များ အရှင်ဇနက္ကာဘီဝံသရေးသားတော်မူသော စာအုပ်များ သဒ္ဒါသင်္ဂြုလ်စာအုပ်များကိုသူ့အချိန်နှင့်သူ လေ့လာဆည်းပူးတော်မူခဲ့ပါသည်
အချိန်ဇယားရေးဆွဲလျှက် ကျောင်းသင်ဘာသာရပ်များအပြင် လောကီလောကုတ်စာပေများလေ့လာဖတ်ရှုသည့်အပြင် ရေနံချောင်းမြို့ရန်မျိုးအောင်သာသနာ့ရိပ်သာတွင် ဝိပသနာတရားများအားထုတ်တော်မူခဲ့ပါသည်
ထူးခြားချက်မှာ ငယ်စဉ်ကတည်းကဧည့်တွေ့ချိန် သီးသန့်သတ်မှတ်၍ အချိန်စီမံခန့်ခွဲထားခဲ့သည် သူငယ်ချင်းများအိမ်လည်လာသောအခါ ဧည့်တွေ့ချိန်မဟုတ်ပါက မယ်တော်ကြီးနှင့်စကားပြောခွင့်ပေးထားပြီး ပြောလိုသည်များကိုပြောခွင်ပြုထားခဲ့သည်မှာ တန်ဖိုးရှိသည့်အချိန်လေးများကို စက္ကန့်လေးတွေကို စိန်စီထားနိုင်ခဲ့သည်
ဆရာတော်ကျောင်းသားဘဝ ကတည်းကမုန့်များ ထမင်းချိုင့်မှထမင်းများကို စားလိုပါက ကျွေးမွေးလှူဒါန်းပေးခဲ့သလို သူငယ်ချင်းများကိုနားမလည်သောစာများရှိပါကရှင်းပြခဲ့သည် ဆရာတော်၏ ငယ်စဉ်ကတည်းကပင် *မာနမျက်နှာထား လုံးဝမရှိခြင်း *လူတန်းစားအဆင့်အတန်းမခွဲခြားပဲနွေးထွေးစွာဆက်ဆံတတ်ခြင်း *ဆရာများ မိမိထက်အသက်အရွယ်ကြီးသူများကိုကိုအထူးရိုသေလေးစားတတ်ခြင်း *ပရဟိတအလုပ်များကိုတက်ကြွစွာဦးဆောင်လုပ်ပေးတတ်ခြင်း *ကုသိုလ်များဖြင့်နေ့စဉ်ထုံမွှမ်းတတ်ခြင်း  *ဒေါသထွက်ခြင်း စိတ်ဆိုးခြင်း လုံးဝမရှိပဲအမြဲကျက်သရေရှိကာ မျက်နှာတော် အေးချမ်းမူခြင်း      *ဥာဏ်ထက်မြက်ပြီး စာပြန်သောအခါ စာတစ်လုံးမှ အကြွင်းအကျန်မရှိ အာဂုံပြန်ဆိုနိုင်ခြင်း  *စာအမြန်ရေးလေလက်ရေးလှလေဖြစ်ခြင်း *မဟာကရုဏာကြီးမားတော်မူခြင်း *ခန္တီတရားလက်ကိုင်ထားခြင်း                  *ပလွှားဝါးကြွားမှု လုံးဝမရှိခြင်း                           *ဂုဏ်ပကာသနများကို မမက်မောခြင်း              *မေတ္တာဓါတ်ကြီးမားခြင်း  စသည်အရည်အချင်းများစွာဖြင့်ငယ်စဉ်ကတည်းကပင်စွမ်းရည်ပြည့်ဝနေခဲ့သည် ဆရာတော်လောင်းလျှာနှင့်ကျောင်းအတူတက် အတူစာကျက် စာသင်ခုံတစ်ခုံတည်းအတူထိုင်ကာပညာသင်ယူခဲ့ရင်းဆ ရာတော်ငယ်ဘဝကို ကျနော့်သိရှိခဲ့ရသဖြင့် ငယ်စဉ်ကတည်းကပင် ကျနော်တို့လေးစားကြည်ညိုခဲ့ရသောမြတ်နိုးတန်ဖိုးထားခဲ့ရသော ကျနော့်ဘဝရဲ့မီးရှူးတန်ဆောင်ပမာ လမ်းပြသွန်သင်ပေးခဲ့သော ဆရာတစ်ဆူဖြစ်သော ဆရာတော်တစ်ပါးဖြစ်ပါသည်                                                              ထို့ကြောင့်ပင်  ကျနော်ကိုယ်တိုင်ကလည်း သူငယ်ချင်းဖြစ်သူဆရာတော့်လောင်းလျှာက သာသနာ့ဘောင်ဝင်ရောက်မည့်ကြားသဖြင့် ဆရာတော်လောင်းလျှာအိမ်တော်သို့သွားရောက်ကာ ""သူငယ်ချင်း"" ""ဘာလို့ဆေးတက္ကသိုလ်မတက်တာလဲ"" ဟုမေးသောအခါ  ""ကျနော်အခုတက်ရောက်ပညာသင်ယူမှာက လောကုတ္တရာတက္ကသိုလ်ပါ သူငယ်ချင်းပြောတဲ့တက္ကသိုလ်က လောကီတက္ကသိုလ်ပါ   တက္ကသိုလ်ချင်း အတူတူပဲလေ  ""ဟုပြန်လည်ဖြေကြားကာပြောပြခဲ့သည်မှာ မှတ်သားဖွယ်ရာစကားတစ်ခွန်းပင်ဖြစ်ပါပေသည်
  သာသနာ့ဘောင်ကို ၁၉၈၄ခုနှစ်မှစတင်၍အမရပူရမြို့ မဟာဂန္ဓာရုံပါဠိတက္ကသိုလ်တွင် အခြေပြုမူလတန်းမှစတင်ပညာသင်ယူခဲ့ရာ *အခြေပြုမူလတန်းတွင် တစ်နိုင်ငံလုံး ပထမ *ပထမငယ်တန်းတွင်တစ်နိုင်ငံလုံးးပထမ  *ပထမကြီးတန်းတွင် တစ်နိုင်ငံလုံး ပထမဖြင့် ပထမကျော်ဘွဲ့ ဓမ္မာစရိယတန်းတွင် တစ်နိုင်ငံလုံး ဒုတိယဖြင့် ၁၉၉၅ခုနှစ်တွင် *ဓမ္မာစရိယဘွဲ့ရရှိတော်မူခဲ့ပါသည်
နိုင်ငံတော်အစိုးရမှ *မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘွဲ့တော်* နိုင်ငံသားကောင်းစွမ်းဆောင်ရည်ဘွဲတော့် *မဟာသဓ္ဓမ္မဇောတိကဓဇဘွဲတံဆိပ့်တော်များ ဆက်ကပ်တော်မူခဲ့ပါသည်
ယနေ့အချိန်တွင် ဆရာတော်သည်ယနေ့အထိ ဓမ္မစာအုပ်အမျိုးအစားအုပ်ရေ(၅၀)အထိရေးသားပူဇော်လျှက်ရှိပြီး * ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်း *ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း *ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်း တည်ထောင်တော်မူခဲ့ ပြီးလောကီအကျိုးအတွက် ဆောင်ရွက်တေိာမူခဲ့သလို လောကုတ္တရညအကျိုးအတွက် *ရွှေပါရမီသာသနာ့လင်္ကာရစာပြန်ပွဲများနှစ်စဉ်ကျင်းပပေးတော်မူခြင်း တရားရိပ်သာဖွင့်လှစ်ပေးခြင်း စသည်ဖြင့်လောကီလောကုတ်နှစ်ဖြာသောအကျိုးအတွက်လှူဒါန်းကုသိုလ်ပြု ဆောင်ရွက်တော်မူသော ဆရာတော်အရှင်သူမြတ်အား လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့ကာ  ဆရာတော်ဘုရား ၏ရွှေရတုမွေးနေ့ရက်မြတ်မှသည်  သက်တော်ရာပြည့် သက်တော်၁၂၀ပြည့်အထိတိုင်အောင် ကိုဟ်စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့်မဂ်ဖိုလ်နိဗ္ဗာန်ကို စံမြန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းများပို့သအပ်ပါသည်                                                                   ဆရာတော့်၏အစ်ကိုရင်းနောင်တော်ကြီး ကိုဌေးဝင်း (၄ထပ်ကွမ်းလူရည်ချွန် တစ်ပြည်လုံးပထမ)                                      ညီတော် ရင်း ကိုညိုဝင်း (အင်ဂျင်နီယာ   တန်းစဉ်ပထမ  )                                 ညီတော် ရင်း ကိုနိုင်ဝင်း( နှစ်ထပ်ကွမ်းလူရည်ချွန်  ဆရာဝန်) တို့နှင့်ထူးချွန်ထက်မြက် စွမ်းရည်ထက်ကြသလို တူတော်မောင်များဖြစိကြသော မောင် သော်စစ်နိုင် (၂၀၁၄တက္ကသိုလ်ဝင်စာမေးပွဲ တစိပြည်လုံး ပထမ)                                     မောင်ထူးမြတ်နိုင်( ၂၀၁၇တက္ကသိုလ်ဝင်စာမေးပွဲ တစ့်ပြည်လုံး စတုတ္ထ)  တို့ဖြင့် ထူးချွန်ထက်မြက်ခဲ့သော တော်ဝင်မိသားစု ဝင်များအားလုံးကိုယ်စိတ်တ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ဆရာတော်ဘုရား  အတွက် ဆထက်တပိုးတိုးကာ  ပါရမီဖြည့် နိုင်ပါစေလို့မေတ္တာပို့သ ဆုတောင်းရင်း ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက၏ ရွှေရတုမွေးနေ့အကြိုအဖြစ်  သမိုင်းမော်ကွန်းတင်အပ်ပါသည်

No comments:

Post a Comment