Thursday, December 21, 2017
ရင်းငြိမ်ရဲစခန်းမှုးနှင့် နယ်ထိန်းဆိုသူတို့မှ တရားခံနှင့်ပေါင်းပြီး မရိုးမသားလုပ်နေဟုဆို
ပေါင် ဒီဇင်ဘာ ၂၁
ပေါင်မြို့နယ်သဲကုန်းကျေးရွာတွင် နေထိုင်သူ ကိုစိုးနိုင် ဆိုသူသည် ဒီဇင်ဘာ၁၇ရက်နေ့ညနေ၅နာရီအချိန်က တရွာတည်းနေသူ အောင်ကိုဆိုသူမောင်းသည့် ဆိုင်ကယ်နှင့် မော်လမြိုင်ဘက်သို့ ခရီးသွားခဲ့စဉ် ရာမဆိပ်တံတားအနီး ဆိုင်ကယ်မှောက်၍ ဝဲဘက်ခြေကျိုးပြီးတွဲလဲဖြစ်နေကြောင်း ဆိုင်ကယ်မောင်းသူမှ ဆေးရုံသို့မခေါ်သွားပဲ ဖားအောက် သို့ ခေါ်သွားခဲ့ပြီးလျှို့ဝှက်ကုသရန်ဆောင်ရွက်ခဲ့ကြောင်းဒဏ်ရာပြင်း၍မကု
သပေးခဲ့ သောကြောင့် မော်လမြိုင်ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း လူနာ၏ဇနီး
မခင်ထွေးရီကပြောဆိုသည်။
အဆိုပါအမှုဖြစ်စဉ်အားရင်းငြိမ်ရဲစခန်းသို့ ဒေါ်ပုအကူအညီဖြင့်မခင်ထွေးရီက ဒီဇင်ဘာ၂၀ ရက်နေ့ကသွားရောက်တိုင်တန်းခဲ့ရာ ရင်းငြိမ်ရဲစခန်းမှ နယ်ထိန်း ရဲ မြတ်ငြိမ်းသူ က တရားခံအား သဲကုန်းရွာ ဒုတ်ချိုး အရုတ်နားတွင် တွေ့ဆုံညှိ နှိုင်းမှုပြုလုပ်ပြီး ဖမ်းဆီးခေါ်သွားမှုမပြုခဲ့ကြောင်း ယနေ့တွင် တရား
လိုများက ရင်းငြိမ်ရဲစခန်းသို့ ထပ်မံသွားရောက်တိုင်ကြားခဲ့သော်လည်း ခေတ္တစခန်းမှုး ရဲအုပ်မျိုးမင်းက အမှုဖွင့်ရန်ကူညီပေးခြင်းမရှိကြောင်းသိရသည်။
"ကျွန်မတို့အမှုသွားတိုင်တာ စခန်းမှုးက ကျွန်မကိုလိုက်ပြဖို့ဆိုပြီးကားပေါ်တက်ခိုင်းတယ် ကျမကားပေါ်ကိုတက်နေတုန်း ကားကိုဆောင့် မောင်းလိုက်တာကျမပက်လက်လန်ကျသွားတယ် နောက်တခါ ဆိုင်ကယ်မှောက်တဲ့နေရာကိုလိုက်ပြပြီးကားပေါ်ပြန်တက်ခိုင်းပြန်တယ် ကျမတက်နေတုန်းပဲသူ
တို့ကားကိုဆောင့်ထွက်ပြန်တယ်တခါပြန်လန်ကျခဲ့တယ်။ကံကောင်းလို့မသေတယ်။ နောက်ပြီးတော့ နယ်ထိန်း မြတ်ငြိမ်းသူ ကကျမတို့ကိုဆဲတယ် ရဲစခန်းပေါ်မှာ ငါ-ိုးမတွေသူတို့ချင်းကျေနပ်တုန်းကကျေနပ်ပြီးမကျေနပ်တော့ ရဲစခန်းကိုလာတယ် ဆိုပြီးဆဲတယ် " ဟု အဆိုပါအမှုအားလိုက်ပါကူညီပေးနေသူ ဒေါ်ပုကပြောဆိုခဲ့သည်။
ယနေ့တွင် မခင်ထွေးရီနှင့် ဒေါ်ပုတို့မှ ရင်းငြိမ်ရဲစခန်းသို့အမှုဖွင့်ပေးရန် သွားတိုင်ကြားခဲ့ကြသော်လည်း
ရင်းငြိမ်ရဲစခန်းမှုးရဲအုပ်မျိုးမင်း က "ခင်ဗျားတို့အမှု ဖွင့်ရင် အလျော်တပြားမှ မရဘူး"ဟု ပြောဆိုပြီး ယနေ့ည၆နာရီ၁၅မိနစ်တွင် မခင်ထွေးရီကိုအိမ်ပြန်ရန်ပြောဆိုခဲ့ပြီးမနက်ဖြန်ညနေ၃နာရီမှ ရင်းငြိမ်
ရဲစခန်းသို့ပြန်လာရန် ချိန်းဆိုထားကြောင်း ခင်ထွေးရီ၏ပြောချက်အရသိရသည်။
Paung Daily
ရင်းငြိမ်ရဲစခန်းမှုးနှင့် နယ်ထိန်းဆိုသူတို့မှ တရားခံနှင့်ပေါင်းပြီး မရိုးမသားလုပ်နေဟုဆို
Reviewed by timeayeyar
on
10:21 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment