Latest News

Thursday, December 14, 2017

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှု အောင်မြင်

မန္တလေး   အထွေထွေရောဂါကုဆေးရုံကြီးတွင် ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှု  အောင်မြင်

မန္တလေး ဒီဇင်ဘာ ၁၄

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန၊ ဆေး တက္ကသိုလ်(မန္တလေး) နှလုံးခွဲစိတ်ကုပညာ ဌာန၊ မေ့ဆေးပညာဌာန၊ ရောဂါဗေဒတို့မှဆရာဝန်ကြီးများပူးပေါင်း၍ ၄၂ ဦးမြောက်ကျောက်ကပ် အစားထိုးလဲလှယ်ကုသမှုကိုဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင်ဆောင်ရွက်ရာ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုတွင်ကျောက်ကပ်ပျက်စီး၍ ဆေးကုသမှုခံယူနေသော မောင်ဇော်ငယ် ချစ် အသက် ၂၉ နှစ်၏ ကျောက်ကပ်ကို အလှူ ရှင်၏ ကျောက်ကပ်နှင့် အစားထိုးလဲလှယ်ကုသပေးခဲ့သည်။

ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက အနီးကပ်ကြီးကြပ်၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမင်းသူ၊ ပါမောက္ခဒေါက်တာ တင်မောင်လင်း၊ ပါမောက္ခ   ဒေါက်တာ ထားကြည်ဆွေ၊ ကျောက်ကပ်အထူးကု      ဆရာဝန်ကြီး ဒေါက်တာကျော်ဆန်းလင်း၊ ဆေးတက္ကသိုလ်(မန္တလေး) နှလုံးသွေးကြောခွဲစိတ်ကုပညာ ဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာခင်မောင်ထွေးတို့က ခွဲစိတ်ကုသပြီး ပါမောက္ခဒေါက်တာယဉ်စန္ဒာသိန်း၊ ပါမောက္ခဒေါက်တာမီမီသော်တို့က ကူညီပံ့ပိုးပေးခဲ့ သည်။

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုဌာနအနေဖြင့်၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ ကျောက်ကပ်ဝေဒနာရှင် ၄၂ ဦးအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။

ကျောက်ကပ်သည် ရေသောက်နည်း ခြင်း၊ ဆီးအချိန်ကြာမြင့်စွာအောင့်ထားခြင်း၊ အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ပွားရာမှ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ပေါ်တတ်
ကြောင်းသိရသည်။      

မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment