Latest News

Thursday, December 14, 2017

မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၄ ဦး ပြန်လည်ရောက်ရှိမှု

မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၄ ဦး ပြန်လည်ရောက်ရှိမှု

  ၂၀၁၇ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာအက်ဥပဒေပြင်ဆင် ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၉၁၉၆ ဦး(ကျား ၉၀၉၇၈၊ မ ၆၈၂၁၈)တို့ ပြန်လည် ဝင်ရောက်လာခဲ့ပါသည်။

 ဒီဇင်ဘာလ ၁၄ ရက်နေ့ ၀၉၀၀ အချိန် မှ ၁၈၀၀ အချိန်အထိ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ၉၄ဦး(ကျား ၅၆၊မ ၃၈)တို့ ရောက်ရှိခဲ့ပါသည်။

 ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါး၊ လက်နက်/ ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူ အတုများပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ် သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ် အသီးသီးသို့ပြန်လည် ထွက်ခွာသွားကြောင်းနှင့် ဇွန်လ ၂၉ ရက်နေ့ မှ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၉၂၉၀ ဦး (ကျား ၉၁၀၃၄၊ မ ၆၈၂၅၆)တို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန မှသတင်းထုတ်ပြန်သည်။

Ref; ပြည်ထဲရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment