မရမ်းချောင်စစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိ
ရန်ကုန် ဒီဇင်ဘာ ၁၃
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ဆောင်ရွက်မှုများကို ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင် ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများ သယ်ဆောင်လာမှုကို မရမ်းချောင် စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ဒီဇင်ဘာ ၁၂ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
မရမ်းချောင် စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးစခန်း၏ ရှောင်ကွင်း လမ်းဖြစ်သည့် ရွှေဖြူရှောင်ကွင်းလမ်းတွင် ဆိုင်ကယ်ကယ်ရီများဖြင့် စုပုံထား သည့် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းဖြစ်သော Used TVဆိုဒ်စုံ 111U (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၆၅ သန်း)အား တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄ ဒသမ ၈၂ဝ သန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒီဇင်ဘာ ၁၂ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၈၇၇ စီး၊ သွင်းကုန် ၁ဝဝ၃ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် ၁၅ဝ ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။ ကြေးမှုံ
No comments:
Post a Comment