Latest News

Sunday, December 24, 2017

ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပဲခူး  ဒီဇင်ဘာ  ၂၄

ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင်၊ဥသာမြို့သစ်၊ရပ်ကွက်ကြီး(၈)၊ရန်ကုန်-မန္တလေးကားလမ်း၊ပဲခူးတက္ကသိုလ် မီးပွိုင့်လမ်းဆုံအနီးတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်(၃)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးသတင်းအရမူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှ ရဲအုပ်ဇော်ညီညီလှိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူစောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်မှ ပဲခူးမြို့တွင်း
ဘက်သို့ ခြေကျင်လမ်းလျှေက်လာသည့် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချနေကြောင်းသတင်းရရှိထားသူ စိုးကိုကိုနိုင်(ခ)ကြက်ဖ၊(၂၆)နှစ်၊(ဘ)ဦးစန်းလွင်၊သင်္ကန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူအားစစ်ဆေးခဲ့ရာ စိုးကိုကိုနိုင်(ခ)ကြက်ဖ၀တ်ဆင်ထားသော အနက်ရောင်ခေါင်းစွပ်အနွေးထည်အင်္ကျီ အိတ်ကပ်အတွင်းမှ အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်အတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတစ်အိတ်လျှင်(၂၀၀)ပြားစီပါ(၄)အိတ်၊(၁၈၀)ပြားပါ(၁)အိတ်၊စုစုပေါင်း၉၈၀ပြား အလေးချိန် (၉၈)ဂရမ်တို့အားရှာဖွေတွေ့ရှိသဖြင့်မေးမြန်းခဲ့ရာ ၄င်းမူးယစ်ဆေးဝါးများအား ကိုယ်တိုင်သုံးစွဲရန်နှင့်ပြန်လည်ရောင်းချရန်အတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသဖြင့်စခန်းမှမူးယစ်ဆေးဝါးများသယ်ဆောင်လာသူ စိုးကိုကိုနိုင်(ခ)ကြက်ဖအားမူးယစ်(ပ)၄/၂၀၁၇ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေ အရအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ သန့်ဇင်-ပဲခူး

No comments:

Post a Comment